၄/နတ်ရထားစီးတဲ့ သတို့သမီးအပိုင်း...၄
Cctvလည်းကြည့်ခွင့်မရ၊ကားကလည်း
အဆက်အသွယ်ပြတ်သွားပြီဆိုတော့..
ငါဘာဆက်လုပ်ရတော့မလဲ..
သူငယ်ချင်းဟေမာနဲ့အင်တာနက်မှာချက်
ပြီး..
"ဟေ.. နင်ကနယ်ပယ်စုံတယ်ဆိုတော့..
အဲ့ဒီလူကြီးကိုမြင်ဘူးမှာပေါ့နော်.."
"ဟင့်အင်း..မမြင်ဘူးဘူး..
သူနဲ့ပတ်သက်တဲ့ကိုယ်ရေးကိုယ်တာ
တွေကအရမ်းလျှိဝှက်တယ်..သတင်းတစ်
ခုမှတတ်မလာဘူး..."
ဟုတ်ပါရဲ့..ဘုံလည်းအွန်လိုင်းမှာတတ်
ရှာနေတာပဲ.. GSနဲ့ပတ်သက်တာဆိုလို့
ကြော်ငြာတွေပဲတွေ့တယ်။"နေတန်ခိုးဆိုတာလူလတ်ပိုင်းတစ်ယောက်လို့ပဲသိထားတာ..
ဘယ်လိုပုံစံရှိလဲတော့မသိဘူး..ဘုံရေ..""ဟဲ့..ဒိတ်ဒိတ်ကြဲဆိုရင်အနဲဆုံးတော့
သူတတ်တဲ့ပွဲတွေမှာရိုက်ထားမိတာမျိုး
ရှိသင့်တာပဲ.."
"ဟင့်အင်း..သူတတ်တဲ့ပွဲတ်ိုင်းမီဒီယာ
တွေကိုဝင်ခွင့်မပြုဘူးဟ။
သူထွက်လာတိုင်းသူ့ဘေးမှာလက်ရုံးတွေ
ပါတယ်..ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူး.ဒီ့ထက်ထူးဆန်းတာကလေသူ့ဝန်ထမ်းတွေတောင်သူ့ကိုအားလုံးမြင်ဖူးတာ
မဟုတ်ဘူးတဲ့..
ကားပါကင်ကော၊ဓာတ်လှေကားကော
သီးသန့်သုံးတာတဲ့ဟ..
ရာထူးကြီးပိုင်းနဲ့သူ့ရုံးခန်းရှိတဲ့အလွှာလောက်ကလူပဲသူ့ကိုတွေ့ရတာ..တဲ့..
အာ့ကြောင့်ပြောကြတာပေါ့..
Nadago is the great..ပါဆို""ဟား..ဘာလဲ..သူကဘယ်လောက်မြင့်
မြတ်နေလို့လဲ..သမ္မတကြီးမို့လို့လား.."အေးလေအဲ့တာကြောင့်သူ့အကြောင်း
ဆိုအရမ်းစိတ်ဝင်စားကြတာပေါ့..
အင်တာဗျူးဆိုရင်လည်းလုံးဝမဖြေဘူးတဲ့။""ဒါဆို ငါစမ်းကြည့်ရမလား.."
"အံမာမိန်းမဟုတ်မှလည်းလုပ်ပါအေ..
နာမည်ကြီးဂျာနယ်လစ်တွေတောင်ခေါင်း
ငိုက်ဆိုက်ကြပြီး လက်ဗလာနဲ့ပြန်လာရတာ..နင့်ကြမှအဗျူးခံမယ်တဲ့လား.""ငါကလည်းအဲ့ဒီလူကိုမဗျူးချင်ပါဘူး..
သူ့ကိုမြင်ဘူးရင်ရပြီလေ.."
"ဟဲ့..ဘုံနင်ဘာတွေလုပ်အုံးမလို့လဲ.."
"နောက်တော့သိရမှာပေါ့..ဘိုင်ဘိုင်.."
"ဟဲ့..နတ်ဘုံကြိုး.. ဘုံ..ဘုံ.."
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...