၂၉ /နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >> ၂၉ခင်ဗျား ဒီလိုဖြစ်မယ်မှန်းသိရင် ဘုံတောင်စိတ်တောင်ကူးခဲ့မှာမဟုတ်ပါဘူး ဦးနေတန်ခိုးရယ်..
ဘုံကျိန်ဆိုရဲပါတယ်..စံအိမ်ကိုလည်းရဲတွေရောက်လာနိုင်လို့ ဘုံ့ကိုလျှိဝှက်ခန်းထဲမှာပဲနေဖို့စီစဉ်ပေးထားသည်။ ဘုံမငြင်း
ဆန်ပါ။ ထိုအခန်းလေးထဲမှာတိတ်ဆိတ်စွာ သူပြန်
အလာကိုစောင့်မျှော်နေခဲ့သည်။
သူပြန်လာရင် ဘုံ့အပြစ်ကိုဝန်ချတောင်းပန်မည်..
့ပြီးရင် နောက်ဘယ်တော့မှမခွဲချင်တော့ဘူး..>>>>>>>>>>>>>>>>>>>>>>>>>>>>>
☎️ တူ...တူ...တူ....
စံအိမ်ထဲက ဖုန်းမြည်လာလို့ဦးဒေကကိုင်လိုက်သည်။ ဂိတ်ဝကလှမ်းဆက်တာပဲ.."အိမ်တော်ထိန်းကြီးလား.. "
"အေး..ဘာလို့လဲ.."
"ဒီမှာလူတစ်ယောက်ရောက်နေတယ် မမလေးရဲ့
အစ်ကိုလို့ပြောပြီး။အတင်းဝင်ဖို့လုပ်နေပါတယ်"
ဟေ.....ဦးဒေဝကစံအိမ်ဂိတ်တံခါးထိထွက်လာကာ..
"မောင်ရင်က ဘယ်သူများလဲ..ဘယ်သူနဲ့တွေ့ချင်
တာလဲ.."
"ကျုပ် ညီမကိုလာရှာတာ.."
"မောင်ရင့် ညီမကဒီအိမ်မှာ မရှိပါဘူး.. ပြန်ပါတော့.."
"အတိအကျသိပြီးမှလာတာ၊ ကျုပ်ညီမလေးက
ဒီအိမ်မှာသေချာပေါက်ရှိတယ်။
ထုတ်ပေးပါ၊ မဟုတ်ရင်ကျုပ်အဖေကစခန်းမှူး..
လက်ရှိမှာနေတန်ခိုးကစစ်ဆေးမှုခံနေရတဲ့အနေ
အထားနော်.. ထပ်ပြီးအမှုတွေတိုးသွားမယ်..""မောင်ရင် ပြောတာတွေကိုကျုပ်မသိပါဘူး.."
"ဒါဆို နေတန်ခိုးကိုမယားခိုးမှုနဲ့ပါတရားစွဲခံစေချင်
တာလား.."
"ဘာ.. အဲ့တာဘာစကားများလဲ..သခင်လေးက"
"ကျုပ်နှမကလွတ်လပ်သူမဟုတ်ဘူး..
သူများနဲ့မင်္ဂလာဆောင်ပြီးသား သတို့သမီး..
ဒီလောက်ဆို ခင်ဗျားသဘောပေါက်လိုက်တော့.."ဦးဒေဝ အံ့သြမဆုံးဖြစ်သွားသည်။ မိန်းကလေးက
သာလက်ထပ်ပြီးသားအမှန်ဆိုရင် ...>>>>>>>>>>>>>>>>>>>>>>>>>
ဒေါက်.. ဒေါက်...🚪
ဟင်..သူပြန်လာတာလား..
ခေါင်းအုံးလေးပိုက်ပြီးတရှုံ့ရှုံ့ငိုနေတဲ့ဘုံကမျက်ရည်ကပြာကယာသုတ်ပြီး တံခါးဆီသို့ပြေးလာသည်။
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...