နတ်ရထားစီးတဲ့သတို့သမီး {14} unicode

10.8K 355 1
                                    


၁၄/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၁၄

ဒီနေ့နဲ့ဆိုဘုံပျောက်နေတာ၃ရက်ရှိပြီ..
ဘယ်နေရာမှာမှသတင်းအစအနရှာမရခဲ့
ဘူး..
အားလုံးကဘုံ..ချစ်သူနောက်ကိုလိုက်သွားတယ်ဟုထင်နေကြသည်။
မဟုတ်ဘူး.. ဒါကိုသူမယုံဘူး..
သူနဲ့လက်ထပ်ဖို့၊သူ့ကိုသတို့သားအဖြစ်
လက်ခံခဲ့တာ..ဘုံ့စိတ်ရင်းအမှန်ဆိုတာကို
ယုံကြည်တယ်။
ဘုံဆိုတဲ့မိန်းကလေးကဟန်ဆောင်မှုနဲ့
ကင်းဝေးပါတယ်.. မဟုတ်ဘူး.မဟုတ်ဘူး
ဘုံ.. ဘုံ..ကိုယ့်ဇနီးလေးမင်းဘယ်မှာလဲ...

ဝေဒနာကိုဖြေစရာရှာတော့လည်းသေရည်သေရက်မှ တစ်ပါးအခြားမရှိပြီမို့..
ဒီနေ့ထိသားလိမ္မာဘွဲ့ခံလာခဲ့သောထင်
ကျော်ဇောသည်လည်း ဘားတစ်
လျှောက်၊သောက်ပြီးမှောက်နေရပြီဖြစ်
သည်။

အေ့.."ထပ်ပေး.."
"ဆရာ..သောက်တာများနေပါပြီ.."
"များတော့ဘာဖြစ်လဲ အေ့.. ဒီမှာငါကငွေ
မရှင်းနိုင်ဘူးထင်နေလား...အေ့..
မင်းတို့ဘားတစ်ခုလုံးဝယ်လို့ရတယ်သိလား...အေ့..ပေးမှာသာပေးစမ်း.."

♪ ♪ ♪ ♪ ♪ မေမေဆီ့မှဖုန်းတရစပ်ခေါ်နေသော်လည်းမကိုင်ဖြစ်တော့..
ကျွန်တော့်ကိုမူးခွင့်ပေးပါမေမေ.. မဟုတ်
ရင် ကျွန်တော်ရူးသွားလိမ့်မယ်...

အရက်ခွက်ကိုလှမ်းယူပြီး ကမူးရှူးတိုးနဲ့မော့နေစဉ်..နောက်မှတစ်ယောက်ယောက်ကဝင်တ်ိုက်လို့ အင့်ခနဲနေသွားသည်။

"ဘယ်ကောင်လဲကွ.."
"ဆောရီး.."..
ဆောရီးတစ်ခွန်းပြောပြီးထွက်ပြေးသွားတဲ့
မိန်းကလေးတစ်ယောက်...

"ဟင်..ဘုံ..ဘုံပါလား..."
".ဘုံ...မင်းဘယ်သွားမလို့လဲ..မသွားပါနဲ့
ကိုယ့်ဆီပြန်လာပါ...ဘုံ..."
ထိုသူမနောက်ကိုထပြီးပြေးလိုက်သည်။

သူမကသီးသန့်ရှိတဲ့အခန်းတစ်ခုထဲသို့ဝင်
သွားသည်။ ထင်ကျော်ဇောနောက်ကနေ
လိုက်ဝင်ရင်း...
သူမဝင်သွားသောအခန်းထဲမှာ..ယောက်ျားတစ်ယောက်နဲ့မိန်းမသုံးလေးယောက်
သောက်စားနေသည်။
သူဒါကိုစိတ်မဝင်စား..
သူမနောက်ကိုပဲတန်းမတ်စွာလိုက်ရင်း..
သူ့ဘက်ကိုကျောပေးထိုင်နေတဲ့သူမ
အားမျက်နှာဆွဲလှည့်လိုက်သည်။

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Kde žijí příběhy. Začni objevovat