နတ်ရထားစီးတဲ့သတို့သမီး {16} unicode

9.8K 356 1
                                    


၁၆/နတ်​ရထားစီးတဲ့ သတို့သမီး
အပိုင်း..၁၆

🔥🔥
"မီးဗျို့...မီး..မီး..."
"လာကြပါအုံး ဒီမှာမီး​လောင်​​နေတယ်​.."

​လှေကားထိပ်က​နေကျယ်​​လောင်​စွာ​အော်​ လိုက်​သောဘုံ့​အသံ​ကြောင့်
​အောက်​ထပ်​ကအလုပ်​သမား​တွေ​ပြေးတတ်​လာကြသည်​။
မီးညွန့်တတ်​ရာက..စာကြည့်ခန်း..
"စာကြည့်ခန်းထဲမှာပဲ..မြန်​မြန်​ငြ်ိ​မ်းကြ.."

အိမ်​​တော်​ထိန်းကြီးလည်း​တုတ်​​ကောက်​တစ်​​ချောင်းနဲ့ကပြာကယာတတ်​လာပြီး..
"ဘယ်​လိုဖြစ်​တာလဲ.."
"သခင်​​လေးရဲ့စာကြည့်ခန်းမှာမီး​လောင်​
​နေပါတယ်​.."
"မဖြစ်​ဘူး..လူအင်​အား​ခေါ်..မြန်​မြန်​ငြိမ်း.."

အ​စောင့်​တွေပါမီးသတ်​​ဆေးဘူးကိုယ်​ဆီ
ကိုင်​ပြီး​ပြေးတတ်​လာကြသည်​။
"သွား..သွား..ဟိုအခန်းမှာ..စာအုပ်​​တွေ
ကုန်​​တော့မယ်​.."
ဘုံ ညွှန်​ပြရာသို့အကုန်​​ပြေးသွားကြသည်​။

စာအုပ်​​တွေမို့မီးစွဲမြန်​လို့..အရှိန်​အဟုန်​နဲ့
မီး​တောက်​ကကြီး​နေသည်​။🔥
"ဒါ​တွေကုန်​ရင်​ အသတ်​ခံရလိမ့်မယ်​..
ရ​အောင်​ကာကွယ်​.."

မီးသတ်​​ဆေးတရှူးရှူးဖျန်းသူကဖျန်း၊စာ
အုပ်​​တွေကိုမီးလွတ်ရာသယ်​သူ​တွေက
သယ်​နဲ့..ဗျားများ​နေကြသည်​။

"ဟုတ်​တယ်​.. လုပ်​ကြ..အဟွင်း.."
လူအားလုံးအဲ့မှာအာရုံ​ရောက်​​နေစဉ်​..ဘုံ
လှစ်​ခနဲ​အောက်​သို့​ပြေးဆင်းလာသည်​။

ကန်​​တော့..ကန်​​တော့ စာတစ်​လုံးဘုရား
တစ်​ဆူတဲ့..စာအုပ်​​တွေကိုဒီလိုမလုပ်​သင့်
မှန်းသိ​ပေမယ့်၊ ဓာတ်​ဆီကအလွယ်​ရှာမရ
လို့ပါ။
စာအုပ်​ကမီး​လောင်​အလွယ်​ဆုံး၊ ပြီး​တော့
​ဒေါသအိုးနှစ်​သက်​တဲ့အခန်းမို့လို့အားလုံး
ကထိတ်လန့်ပြီး ဘုံ့ကို​မေ့​နေနိုင်​သည်​၊

ခြံထဲက​ခွေးဘီလူး​တွေအစာစား​နေတာ
ကို​သေချာမှန်​ဘီလူးနဲ့ချိန်​ကြည့်ပြီးမှ..
သူ့စာကြည့်ခန်းကိုမီးရှို့ပစ်​ခဲ့တာ​ကြောင့်..
ရဲရဲဝံ့ဝံ့ပဲ..ခြံဝန်းထဲဆင်း​လိုက်​သည်​။

ခြံတံခါးနဲ့အိမ်​ကအ​တော်​ပင်​​ဝေးသည်​။
ခြံအဝဂိတ်​မှာထပ်​ပြီးအ​စောင့်​တွေရှိ​နေ​နိုင်​သေးသည်​။
ဘုံ..လက်​ထဲမှာမီးသတ်​​ဆေးဘူးတစ်​ဘူး
ကိုင်​ထားသည်​။ဘာပဲဖြစ်​ဖြစ်​မရရင်​တိုက်​
ခိုက်​ပစ်​မယ်​..

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now