နတ်ရထားစီးတဲ့သတို့သမီး {25} unicode

11.1K 437 4
                                    


၂၅ နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၅

ကားရှိုးရွမ်းတစ်ခုအနီးသို့သူရောက်ရှိနေပြီး..
လူတစ်ယောက်ကိုလှမ်းအကဲခတ်နေသည်။
"အဲ့လူကအလုပ်လုပ်တာတော့မဆိုးပါဘူး Sir
ဒါပေမယ့် လုပ်ငန်းကြီးကိုတာဝန်မယူဘူးတဲ့သူပါ"

စောင့်ကြည့်ခိုင်းထားတဲ့စိုင်းလုက သူအားရှင်းပြနေ
သည်။
"ဘယ်သူက မွေးကတည်းကပြီးပြည့်စုံလို့လဲ..
ငါယူခိုင်းထားတာတွေ ရပြီလား.."
"ဟုတ် စာရွက်စာတမ်းတွေကဒီမှာပါ.. "
စိုင်းလု ပေးတာတွေကိုသူစစ်ကြည့်ပြီး 📂
"မင်း ပဲသိမ်းထားလိုက်တော့.."
"ဘယ်တော့လောက်စရမလဲ Sir.."
"မြန်လေကောင်းလေ.."
"ဦးရဲအောင်ဘက်က chanceပေးဖို့တောင်းဆို
နေတာ.."
"စိုင်းလု မင်းကိုငါဘယ်လိုသင်ထားလဲ.."
"လုပ်ငန်း လုပ်ရင်တွေဝေမှုမရှိရဘူး.."
"နားလည်ရင် ဆက်လုပ်.."
"boss ဒါပေမယ့် ဦးရဲအောင်ကိုဖြုတ်ချပြီးရင်
ဘာလို့အဲ့လူကိုတင်ပေးမှာလဲ..
သူကဦးရဲအောင်ရဲ့သမက်ဆိုတော့ ကျွန်တော်တို့
လူမဟုတ်ပါဘူး..
တခြားအရည်အချင်းရှိတဲ့လူတွေ GSမှာအများကြီး
ရှိပါတယ်.."

"ဒီကားရှိုးရွမ်းကGS အတွက်လုပ်ဆောင်နေတာ
မဟုတ်ဘူး..
အဲ့ကောင်ကိုငါပေးရမယ့်အကြွေးရှိလို့ပဲ..
မင်းဘာမှထပ်မမေးနဲ့.."
"ဟုတ်.."

သူလည်းမျက်ကွယ်ပြုထားကော.. စိုင်းလုကဖရက်ဒီကိုကပ်ကာ..
"Bossကအဲ့ဒီ့ကောင်ဆီကဘာတွေအကြွေးယူ
ထားလို့လဲ.."
"မင်းတကယ်မသိဘူးလား.. အဲ့လူကမမလေးရဲ့
အစ်ကိုအရင်းလေ.."
"ဘယ်လို.."
ဒါကြောင့်ယောက်ဖလက်ထဲကုမ္မဏီထည့်ပေးချင်
နေတာကိုး..
စိုင်းလုက အိမ်ထောင်ရှိပြီးကလေးလည်းရှိတာ
ကြောင့်အပြင်မှာနေပြီး၊ စံအိမ်နဲ့မမလေးအကြောင်း
သိပ်မသိသူပါ။
"မင်းကိုခိုင်းတာပဲလုပ် ပြန်မပြောနဲ့.. "
"boss နဲ့မမလေးကောအဆင်ပြေရဲ့လား"

"အဆင်ပြေတယ်ထင်တာပဲ
အခုတလောBossစိတ်ကောင်းဝင်နေလို့ မင်းတောင်သက်သာနေတာမဟုတ်ဘူးလား.."

"boss နဲ့မမလေးမြန်မြန်လက်ထပ်မှဖြစ်မယ် ..
Bossကိုယ်တိုင်အိမ်ထောင်သည်ဖြစ်သွားမှ
စည်းကမ်းတဝက်လောက်လျှော့သွားမှာ.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now