၈/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၈မင်းမာန်တဲ့..နာမည်အတိုင်းမာနကြီးပြီး
ခပ်ချေချေနေတတ်သောကျောင်းတုန်းက
သူငယ်ချင်းတစ်ယောက်ကအခုတော့
ထင်ကျော်ဇောရှေ့ကိုလာပြီးဦးတိုက်မ
တတ်ဝပ်တွားတောင်းပန်နေသည်။
ငွေချေးပါအုံးတဲ့.. ရှယ်ယာတွေပါအပေါင်
အဖြစ်ထုတ်ပေးနေတာဖြစ်သည်။
ထင်ကျော်ဇောအနေနဲ့က
သူ့လုပ်ငန်းအခြေအနေမဟန်တော့ဘူးလို့
ကြားထားသည့်အပြင်၊သူလာချေးသော
ငွေအမောင့်ကလည်းသေးသေးကွေးကွေးမဟုတ်။
မိမိမှာကိုယ်ပိုင်လုပ်ငန်းရှိသည့်အပြင်
မေမေ့ပိုင်ဆိုင်မှုတွေနဲ့ဆို သူ့အတွက်တ
သက်စားမကုန်လို့..တခြားလုပ်ငန်းဘက်
ကိုလည်းစိတ်မဝင်စားတာအမှန်ပါ.."မင်းမယုံဘူးဆိုရင်လည်းအိမ်ကော၊ကား
ကောရှိသမျှအကုန်ယူထားပါ..
ဘာပဲဖြစ်ဖြစ်ကုမ္မဏီကိုတော့အဲ့ဒီ့ကောင်
လက်ထဲမရောက်အောင်ကယ်ပေးပါ..
လူ့အသက်ကိုကယ်တယ်လို့သဘော
ထားပြီးကယ်ပေးပါကွာ.."
သူတို့ကုမ္မဏီအရစ်ကြပြုတ်နေတာကိုသိ
ပေမယ့်..တစ်ဦးတစ်ယောက်ကရည်ရွယ်
ချက်ရှိရှိနဲ့လုပ်နေတာမှန်းအခုမှသိရသည်
..ဒါဆိုသူဝင်ပါသင့်သလား...ထိုစဉ် မင်းမာန်ဆီဖုန်းဝင်လာ၍..
××××××
"ဘာ..ပစ္စည်းဖိုးတွေတစ်ပတ်အတွင်းမရှင်းရင်တရားစွဲမယ်ဟုတ်လား..."
××××
"လက်တွဲလုပ်လာတာဘယ်လောက်ကြာ
ပြီလဲ..ဒီလောက်အချိန်လေးနဲ့ဘယ်လိုရှာ
ရမလဲ.."
×××××
"အေး..ရတယ် လုပ်ချင်တာသာလုပ်.."မင်းမာန်၊ သူ့ရှေ့မှာပင်ဟန်မဆောင်နိုင်
စွာပေါက်ကွဲနေသည်။
ဖုန်းချပစ်လိုက်ပြီးမှချက်ချင်းပင်ဖုန်းပြန်
ဝင်လာလို့..
"လုပ်ချင်တာလုပ် သောက်ဂရုမစိုက်ဘူးလို့ပြောထားတယ် ထပ်မဆက်နဲ့.."
"သား..."
"ဟင် အမေလား.."
"သားကြီး.. မင်းအဖေလေ..မင်းအဖေဆုံး
ပြီ..."
"ဗျာ..အဖေက...အဖေကဘယ်လိုလုပ်..."
"ကြိုးဆွဲချပြီးဆုံးသွားတာ.မင်းအဖေက
ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာ..
အဟင့်..ဟင့်..."
"မဖြစ်နိုင်ဘူး......အဖေကအဲ့လ်ိုလုပ်စရာ
အကြောင်းမရှိဘူး.."
"အမေလည်းမင်းမှာထားလို့အချိန်တိုင်း
စောင့်ကြည့်နေတာပါ..
မနက်တုန်းကမင်းအဖေဆီဖုန်းတစ်ကောလ်ဝင်လာတယ်..
အမေမေးတယ် မင်းဆက်တာလားဆိုတော့မဟုတ်ဘူးတဲ့....
အဲ့ဖုန်းဝင်လာပြီးကတည်းကသူမျက်နှာ
မကောင်းဘူး..
စာကြည့်ခန်းထဲဝင်အုံးမယ်ဆိုပြီး..အခုတော့..."
"မင်းအဖေ ငါတို့ကိုထားခဲ့ပြီမင်းမာန်ရဲ့.."
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...