နတ်ရထားစီးတဲ့သတို့သမီး {6} unicode

11.7K 381 4
                                    


၆/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၆

ဘုံသတင်းယူဖို့အပြင်ထွက်လာရင်း...
"အွန်းနီး.."
"ဟယ်..ဘုံပါလား..မတွေ့တာတောင်ကြာ
ပြီ..ဘယ်လိုလဲအလုပ်အဆင်ပြေရဲ့လား"
တခြားတိုက်ကသတင်းထောက်အမကို
တွေ့လို့နောက်ကပြေးလိုက်ပြီး နှုတ်ဆက်
လိုက်သည်။
"ဟုတ်ပြေပါတယ် အွန်နီး..မတွေ့တာကြာ
လို့ထင်တယ် အွန်နီးပိုလှလာတယ်နော်"
"ဒီအတိုင်းမုန့်ဝယ်ကျွေးပါဆိုရင်လည်း
ကျွေးမှာပါနော်..မြှောက်မပြောလည်းရ
ပါတယ်.."
"အွန်နီးကလည်း..ဟဲ..ဟဲ..
မုန့်တော့မစားတော့ပါဘူး..အွန်နီးကိုမေး
စရာလေးရှိလို့ပါ.."
"ဘာမေးမှာလဲမေးပါရှင့်မေးပါ.."
"အွန်နီးတို့တိုက်က လူတစ်ယောက်အကြောင်း.."
"တို့တွေတိုက်က.."
"ဟုတ် ဘ၀ ဆိုတဲ့လူလေ အွန်နီး.."
"ဘ၀ အဲ့လိုနာမည်မရှိပါဘူး..တို့တိုက်က
သေချာလို့လား..."
"ဟုတ် New lifeကလို့သေချာပေါက်ပြော
ခဲ့တာပါ.."
"တချို့ကနာမည်အမှန်မပြောတာလည်း
ဖြစ်နိုင်တယ်..ဘယ်လိုပုံစံလဲပြောကြည့်"

"အဲ့ဒီလူက**********"
"အရပ်က၆ပေ၂လောက်ရှိတယ်..အသား
အရည်ကအဝါရောင်သန်းတယ်၊မျက်ခုံး
ထူတန်းတန်းနဲ့..မျက်လုံးအကြည့်ကစူးရှ
တယ်ဟုတ်လား..ဘုံရေ
သမီးပြောနေတာကတောင်ကိုရီးယား
မင်းသားလား၊အမေရိကန်မင်းသားလား
နော်.. တို့တ်ိုက်မှာတော့အဲ့လိုလူမျိုးဘုရား
စူးမရှိပါဘူးနော်..
တို့တိုက်မှာကျားဆိုမှကျား..စစ်ပြန်နဲ့ရွှာ
ကျန်ရုပ်ခံတွေပဲရှိလို့ ညည်းအွန်နီးတောင်
အခုလိုအပျိုကြီးဖြစ်နေတာလေကွယ်.."

"တကယ်မရှိဘူးပေါ့နော် အွန်နီး.."
"မရှိပါဘူးဆို"
New lifeဂျာနယ်က ဘ၀..
ဟား..ငါ့ကိုအကြီးကြီးအရူးလုပ်သွားတာ..
ခင်ဗျားကြီးဘယ်သူလဲ..

>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဟေမာနဲ့ဖုန်းပြောဖြစ်တော့...
"ဘယ်လို ဘဝဆိုတာမရှိဘူးဟုတ်လား.."
"ဟုတ်ပါတယ်ဆို..ငါ့ကိုညာသွားတာ
အဲ့လူထပ်တွေ့ရင်တော့လား.."
"ဘားမန်းဆိုတာလည်းဟုတ်ချင်မှဟုတ်မှာပေါ့.."
"မသိတော့ဘူးဟေရယ် "
"နင်လည်းအနေထိုင်ဆင်ခြင်အုံးဘုံ."
"ငါနဲ့ဘာဆိုင်လို့လဲဟ."
"ဆိုင်သပါ့..နင်စပ်စပ်စုစုလျှောက်သွားလို့
အဲ့လူနဲ့တွေ့တာလေ။"
"ဒါကတော့.."
"နင့်ကိုလက်ဆောင်ပေးတာအဲ့လူလည်း
ဖြစ်နိုင်တယ်.."
"ဟင်..သူကငါ့ကို..ဘာလို့ပေးမှာလဲ"
"နင့်ကိုသဘောကြလို့..နင့်ကိုကြိုက်နေလို့
ပေါ့ဟေ့..ဘုံ နင်လည်းတစ်ခါတစ်လေကြ
လည်မလိုနဲ့အတော်တုံးပါလား"
"သူနဲ့တွေ့တာတောင် ၂ခါပဲရှိသေးတာကို"
"အံမယ် ထပ်တွေ့ချင်တဲ့လေသံကြီးနဲ့
ကြည့်လုပ်မိန်းမ နောက်တစ်ခါတွေ့ရင်နင့်
ကိုကားတင်ပြေးလိမ့်မယ်.."
"ဟယ် ဖွ..ပြေးစရာလား.."🤧

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now