နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၂ဗုံးမပေါက်ကွဲခင်အချိန်...✖
သူကြိုးနှစ်ချောင်းကိုကိုင်ပြီးတစ်ပြိုင်နက်
ထဲဖြတ်တောက်ပစ်ပြီးနောက်..
ဟင်..မပေါက်ကွဲဘူးဆိုတော့ထိုင်ခုံနဲ့ဗုံး
ဆက်ထားတာကိုသူဖြုတ်လိုက်နိုင်တာပေါ့..
စက္ကန့်၃၀ကျော်စာပဲကျန်တော့သည်။
"လာ..ဘုံ..."
သူဘုံ့လက်ကိုဆွဲပြီးဗုံးနဲ့ဝေးဝေးနဲ့ပြေး
ထွက်လာခဲ့သည်။
သူတို့အဆောက်အဦးထဲကမထွက်ခင်မှာပဲ
ဗုံးထပေါက်ကွဲသွားခဲ့သည်။
ဒါပေမယ့်များများစားစားမထိခိုက်သွားပါ။ဘုံကတော့ဒီလိုအခြေအနေကိုကြုံဖို့ အရမ်းကိုနုနယ်လွန်းတဲ့မိန်းကလေးမို့..
သူ့ရင်ခွင်ထဲပျော့ခွေကြနေသည်။
ဘုံ့ကိုပွေ့ချီပြီး ဖရက်ဒီရှင်းထားတဲ့လမ်း
အတိုင်းထွက်လာနိုင်သည်။"Boss အရင်ပြန်နှင့်ပါ.."
သူခေါင်းညိမ့်ပြပြီး..အသင့်စောင့်နေတဲ့
ကားပေါ်ဘုံ့ကိုပွေ့ပိုက်ပြီးခေါ်ထွက်လာခဲ့
သည်။တခြားသောဒဏ်ရာရသူ့လူတွေကိုလည်း
ဖရက်ဒီ ကဦးဆောင်ကယ်ထုတ်လာနိုင်
ပြီး..ရဲတွေမလာခင်၊ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ဒီနေ့အတွက်..ငြိမ်းချမ်းသွားပါပြီ။ဟူး...>>>>>>>>>>>>>>>>>>>>>>>>>>>
အိမ်ပြန်ရောက်လာပြီး ဘုံ့ကိုကုတင်ပေါ်အသာအယာချပေးလိုက်ပြီး၊ပါးစပ်မှာပိတ်ထားသော
တိတ်ကိုလည်းဖြေးဖြေးချင်းခွာပေးလိုက်သည်။
အဟင့် ဟင့်
ဘုံအခုမှပဲအသံထွက်ပြီးရှိုက်ငိုနိုင်တော့သည်။သူမမျက်နှာလေးက်ိုဆွဲမော့ပြီးမျက်ရည်တွေကိုဖိသုပ်ပေးရင်း...."မကြောက်ပါနဲ့။နောက်ထပ်ဒါမျိုးထပ်မဖြစ်စေရပါဘူး။ မင်းကိုဒုက္ခပေးမယ့်သူလည်းမရှိတော့ဘူး မကြောက်နဲ့တော့နော်၊
ဒီနေ့အတွက် ကိုယ်တောင်းပန်ပါတယ်..."သူမကိုယ်လေးကိုရင်ခွင်ထဲညင်သာစွာတိုးဖက်ထားမိသည်။ ဘုံကအခုထိစကားပင်မပြောနိုင်အောင်ထိတ်လန့်နေဆဲဖြစ်သည်။
ရေနွေးဇလုံယူလာခိုင်းကာ ဘုံ့မျက်နှာကိုအသာအယာသုတ်ပေးပြီး၊ နွားနို့ပူပူလေးတစ်ခွက်တိုက်ကာ....
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...