၂၇/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၇သူကကုတင်ပေါ်ကျောနောက်ခေါင်းအုံးများမှီကာ
ခပ်လျှောလျှောထိုင်နေပြီး.. စီးကရက်ဖွာရှိုက်ရင်း
ဘုံ့အားစောင်းငဲ့ကြည့်နေသည်။
သူ့ဘက်ကိုမျက်နှာမူထားပြီး ယုန်ပေါက်လေးလို
ခပ်ကွေးကွေးအိပ်ပျော်နေတဲ့ဘုံ..
မျက်နှာလေးကသွယ်မယောင်ဝိုင်းမယောင်နဲ့ပါး
လေးနှစ်ဖက်ကြပန်းသွေးရောင်မိုမို့လေး...နှုတ်ခမ်း
သားပြည့်ဖူးဖူးလေးကအနီရောင်သန်းနေတတ်ပြီး.
ပုံပြင်ထဲကစနိုးဝှိုက်မင်းသမီးလေးလိုသူမ..ကြည့်ရင်း ကြည့်ရင်းတကယ်အသဲယားစရာမို့ ငုံ့
နမ်းလိုက်သည်။
အင် ...အင်..အဟွတ်..
စီးကရက်ရနံ့နဲ့သူ့အထိအတွေ့ကြောင့်ဘုံနိုးသွား
တော့ ကိုယ့်ကိုကိုယ်ပဲကျိန်ဆဲချင်မိသည်Shit..ဘုံမျက်လုံးဖွင့်ကြည့်ပြီး.. အပေါ်ဝတ်ဗလာနဲ့ထိုင်နေတဲ့သူ့ကိုမြင်ပြီး..
"အမလေး..."
အလန့်တကြားနဲ့ ခြုံစောင်ထဲခေါင်းဝှက်ပုန်းနေပြန်
သည်။
ဟမ်.. ဘာဖြစ်သွားတာလဲ..
ခါးမှာတော့ဘောင်းဘီရှည်ဝတ်ထားသားပဲ။"ဘုံ ဘာလဲ မင်းရှက်နေတာလား..
ညကတော့မင်းအဲ့လိုမဟုတ်ပါဘူး ၉..ကျားရိုင်းမလေးလိုကိုယ့်ကိုဖမ်းစား..အား"
ခြုံစောင်ထဲကနေသူ့ကိုလှမ်းထုကာ..
"ခင်ဗျားကြီး အပိုတွေမပြောနဲ့.."
"ကဲပါ ကဲပါ မပြောတော့ဘူး ...
ထ ကိုယ့်ကိုကြည့်.."
"ဟင့်အင်း..."
သူကစောင်ကိုအတင်းဆွဲဖယ်ပစ်သည်။
"ဟာ ခင်ဗျား ဘာဖြစ်နေတာလဲ.."
"ကိုယ် မင်းနဲ့စကားပြောချင်တယ်..."
"ဟင့်အင်း ဘုံ့ မှာပြောစရာမရှိဘူး..""ကိုယ့်ကိုထီပေါက်ပြီး ထီလက်မှတ်ပျောက်သူလို
ဖြစ်အောင်မလုပ်ပါနဲ့.. မင်းကြည်ဖြူခဲ့တာပဲမဟုတ်
ဘူးလား.."
"ခင်ဗျား အဲ့တာကိုပဲအသားယူပြောတော့မှာဘုံသိ
တယ်၊ အဲ့တာကြောင့်ဘာမှမပြောချင်ပါဘူးဆို..
ဘုံ ငိုလိုက်မှာနော်.."
"ဟာ ဟေ့မဟုတ်ဘူးလေ ..ဘာလို့..""ဘုံရှက်ပါတယ်ဆို ..ခင်ဗျားဘာလို့လျှောက်ပြောနေလဲ.."
"ချစ်သူနှစ်ယောက်ပေါင်းဖက်မိတာ ဒါရှက်စရာမှ
မဟုတ်တာကွာ.."
"ခင်ဗျားကအရှက်မှမရှိတာ.."
VOCÊ ESTÁ LENDO
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...