နတ်ရထားစီးတဲ့သတို့သမီး {28} unicode

10.6K 343 2
                                    


နတ်ရထားစီးတဲ့သတို့သမီး ၂၈
အပိုင်း >>၂၈

ရက်သက်မှတ်ပြီးပြီမို့ စံအိမ်ထဲမှာပြင်ဆင်မှုတွေပြု
လုပ်နေသည်။
နံနက်ခင်းရုံးတတ်ဖို့ ဘုံ့ကိုလက်ဆွဲပြီးအောက်ထပ်
ဆင်းလာတဲ့သူ..
အောက်ထပ်မှာဦးဒေကစားပွဲတစ်လုံးပေါ်မှာသူ့
တဲ့ရော့ကင်္ဒကလေးကိုထုတ်စီနေသည်။
သူဆင်းလာတာစောသေးတော့..

"ဟင် သခင်လေးနိုးပြီလား"
"စောစောထတဲ့ဌက် အစာဝတယ်တဲ့.."
ရီရီပြုံးပြုံးနဲ့ပြန်ဖြေရင်း ဦးဒေကိုင်ထားတဲ့တားရော့
ကင်္ဒလေးတစ်ကင်္ဒကိုဆွဲထုတ်လိုက်သည်။
ပြီးနောက်စားပွဲပေါ်ချထားခဲ့ပြီး breakfastဝိုင်းရှိရာသို့ထွက်ခွာသွားသည်။
ဦးဒေဝ ကသူချပေးခဲ့တဲ့ကဒ်အားယူကြည့်ပြီး..
ဟင်

>>>>>>>>>>>>>>>>>>>>>>>>>>>>
သူနဲ့ဘုံမနက်စာစားဖို့ ...ဘုံကဟင်းထမင်းမချက်
တတ်ပေမယ့်သူစားဖို့မနက်စာကိုတော့ ကိုယ်တိုင်
လုပ်ပေးချင်သူပါ။
ဆန်းဒွချ်တို့ ပါမုန့်ကင်တို့ကြက်ဥကြော်တာတို့
ကော်ဖီဖျော်တာတို့ တော်တော်တတ်မြောက်နေပြီ
ဖြစ်သည်။
သူကဘုံလုပ်သမျှကို သတင်းစာထိုင်ဖတ်ရင်းနဲ့
မငြီးမငြွေ့ထိုင်စောင့်ရှာပါတယ်။
အဲ ဘုံ့ကြောင့်CEOကြီးဘယ်တော့မှရုံးအချိန်မမှီ
တော့တာကလွဲရင်ပေါ့။⏱️

အပြင်ဘက်မှာစကားသံတွေကြားပြီး ဖရက်ဒီရေး
ကြီးသုတ်ပြာနဲ့ပြေးဝင်လာသည်။
"Boss.."
"ဘာဖြစ်ပြန်ပြီလဲ မင်းကြည့်လိုက်ရင်ပြာယာခတ်
နေတာပဲ.."

ဖရက်ဒီကသူ့ကိုတစ်လှည့်၊ဘုံ့ကိုတစ်လှည့်ကြည့်
ကာ..
"အပြင်မှာစစ်ဆေးရေးရုံးကလူတွေရာက်နေပါတယ်.."
"ဘာ.."
"တရားမဝင်ငွေစာရင်းတဲ့.. တစ်ယောက်ယောက်
ကတိုင်ကြားခဲ့ပုံရပါတယ်..boss.."
ခွမ်း... ဘုံကိုင်ထားတဲ့ကော်ဖီပန်းကန်လုံးလွတ်ကြ
သွားသည်။
"ဟာ မင်းအပူလောင်သွားသေးလား.."
"ဟင့်အင်း...ဟင့်အင်း.."

သူက ဖရက်ဒီဘက်သို့လှည့်ကာ..
"မနက်စာစားပြီးရင် လိုက်ခဲ့မယ်လို့ပြောလိုက်.."

>>>>
ဖရက်ဒီအပြင်ပြန်ထွက်လာပြီး.. စစ်ဆေးရေးတွေ
အား..
"နာရီဝက်အချိန်ပေးပါ၊ bossကမနက်စာစားနေပါ
တယ်.. ပြီးရင်စစ်ဆေးမှုမှာပူးပေါင်းပေးမှာပါ.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now