နတ်ရထားစီးတဲ့သတို့သမီး {26} unicode

11.2K 365 1
                                    


၂၆ နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >> ၂၆..

အလွတ်တန်းစုံထောက်ကသူပေးထားတဲ့အချိန်
တပတ်ပြည့်လို့ သူ့အားလာတွေ့သည်။

"သူဌေးမင်း ဖြစ်နိုင်တာကခင်ဗျားအစ်ကိုက
အကျဉ်းထောင်ထဲမှာ ဆုံးသွားပါပြီ.."
"ဘာ..."

အလွတ်တန်းစုံထောက်ရဲ့အကျီလည်ပင်းစကိုဆောင့်ဆွဲကာ ...
"ဒီလိုမဟုတ်တမ်းတရားတွေပြောဖို့ ငါ့ကိုလာတွေ့
တာလား.."
"စိတ်လျှော့ပါသူဌေးမင်း.. ကျွန်တော်ဒီအလုပ်လုပ်
လာတာကြာပါပြီ.. ကျွန်တော်ရဲ့အတွေ့အကြုံအရ
သုံးသပ်ရရင် ခင်ဗျားအစ်ကိုကဆုံးသွားတာသေ
ချာပါတယ်.."

"သက်သေရှိလို့လား..မဟုတ်ရင် ဆုံးရမှာမင်း
အသက်ဖြစ်သွားမယ်.."
"ခေတ်တစ်ခေတ်စာအပြောင်းအလဲဖြစ်သွားပြီမို့
အဲ့တုန်းကထောင်မှူးထောင်ပိုင်တွေအကုန်မရှိတော့ပါဘူး..
ကျွန်တော်သေချာရှာကြည့်ပြီးပြီ ခင်ဗျားအစ်ကိုဖိုး
လုံးကထောင်ကြနေတာသေချာပေမယ့်..
အကျဉ်းသားစာရင်းထဲမှာရှိမနေဘူး ...
စာရင်းမှာဟိုဖိုးလုံးတစ်ယောက်ပဲရှိတယ်..

ဒါနဲ့ကျွန်တော်ထပ်ပြီးစုံစမ်းကြည့်တော့.. အဲ့တုန်းကတန်စီးကလူမိုက်ပဲ..ထောင်ပိုင်တွေကလည်းသူ့ကိုကြောက်ရတယ်တဲ့...
အကျဉ်းထောင်မှာပြသနာရှိခဲ့ပုံရတယ်..
ခင်ဗျားအစ်ကိုကကျန်းမာရေးလည်းနဂိုထဲကမကောင်းဘူးလေ..
နောက်ခံမိသားစုလည်းမရှိတော့ ဒီအတိုင်းဒါကိုဖုံး
ပစ်လိုက်တာထင်ပါတယ်..
ဒါကြောင့်ဘယ်မှာမှရှာမရတာပါ.."

"မဖြစ်နိုင်ဘူး................
သေချာမသိပဲမပြောနဲ့.. သူတကယ်မရှိတော့ဘူး
ဆိုတာ ငါယုံလို့ရအောင်..
အဲ့ဒီ့အကျဉ်းထောင်ကိုမြေလှန်ပြီးတော့ဖြစ်ဖြစ်
သူ့အရိုးယူလာခဲ့..ငါ့အကိုမြေဆွေးဖြစ်သွားရင်
တောင်ငါမှတ်မိတယ်.."

"ကျွန်တော်အဲ့တုန်းက ခင်ဗျားအစ်ကိုရဲ့အခန်းဖော်
ကိုရှာပြီးပါပြီ..သူကလည်းကြောက်ပြီးဘာမှမပြော
ရဲဘူးဖြစ်နေတယ်..သူဌေးမင်းတွေ့ချင်ရင်စီစဉ်ပေး
ပါ့မယ်.."

အလွတ်တန်းစုံထောက်စီစဉ်ပေးတဲ့လူနဲ့သွားတွေ့
ပြီး..ချ်ိန်းခြောက်မေးမှထိုလူကအကုန်ထုတ်ပြောသည်။
အစ်ကိုရဲ့အကျဉ်းသားဘဝကိုကြားလိုက်ရ
လျှင် သူ့စိတ်တွေထိန်းမရဖြစ်ခဲ့သည်။
ဒီလောက်တွေ့ချင်နေတဲ့အစ်ကိုကြီးကသေတာ
ကြာပြီဖြစ်ကြောင်းသိလိုက်ရတော့..

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now