နတ်ရထားစီးတဲ့သတို့သမီး {15} unicode

11.4K 436 13
                                    


၁၅/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>>၁၅

အကြံအိုက်နေတဲ့ဘုံ..အခန်းထဲမှာပဲနံနက်စာကိုယူစားရင်း..ဘာကိုမှစိတ်မပါ
စွာ..တို့ခနန်းဆိတ်ခနန်းပဲစားနေသည်။
"မမလေး..ဒါကိုမကြိုက်ဘူးဆိုရင်တခြား
တစ်ခုခုယူလာခိုင်းပါ့မယ်.."

"ဟင့်အင်း.. ဘာပဲစားစားအတူတူပါပဲ.."
"ဒါဆို စားချင်တာရှိရင်ဘာပဲဖြစ်ဖြစ်ကျွန်မ
ကိုပြောပါ..အပြင်ကအစားအစာဆိုရင်
လည်းမှာပေးပါ့မယ်.."

"စားချင်တာ..အဟင်း.. အစ်မအမ်မလီ..
ရှင်လေယိုတွေအများကြီးသုတ်ထားတဲ့
ဆန်းဒွရ်ကိုကြိုက်လား.."🍰
"ဟင့်အင်း..ကျွန်မယိုမကြိုက်ဘူး.."

"ဘုံ့အမေကလေ..ဘုံ့တို့ကိုမနက်တိုင်းအဲ့
တာလုပ်ကျွေးတယ်သိလား...
.ဘယ်လောက်တောင်ချိုအီလဲဆိုရင်..
မစားနိုင်တော့လို့..အပြင်ကိုယူလာပြီး
လမ်းဘေးကခွေးတွေကိုနေ့တိုင်းကျွေးပစ်
တယ်.. ဘုံကလေ..ဘုံအဲ့လိုလုပ်ခဲ့တာ...

မေမေကဘုံစားဖို့ယိုများရင်ပိုကောင်းမယ်
ထင်ပြီး..သေချာလုပ်ပေးတာကို..
ဘုံဘာလို့များအဲ့လိုလုပ်မိခဲ့ပါလိမ့်နော်..

ဘုံ့အထင်တသက်လုံးမေမေလုပ်ပေးတဲ့
အဲ့ဒီဆန်းဒွရ်ကိုစားရမယ်ထင်ခဲ့မိတာ..
ဘုံရူးမိုက်တာပဲ...
အခုမှ မေမေလုပ်တဲ့ဆန်းချ်ဒွရ်ကို
ဘုံသေမတတ်စားချင်နေတယ်..သိလား.

ဘုံမကောင်းတာပါ..ဘုံမိုက်မဲတာ..မေမေ
လုပ်ပေးနေတုန်းကအားလုံးကုန်အောင်
စားခဲ့သင့်တာ၊မဟုတ်ဘူးလား... "
"မမလေး ရယ်.."
ဘုံမျက်ရည်ကျမိပြန်သည်။အနည်းဆုံးတော့..တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်တာဖြစ်သည်။
အမ်မလီကဘုံ့ကို သနားစဖွယ်ငေးကြည့်
နေသည်။

"အမ်မလီ...ဘုံလေမေမေ့ကိုအရမ်းသတိ
ရတာပဲ..."
"ကျွန်မလည်းအမေ့ကိုသတ်ိရတယ်.."
"ဟင်..ရှင့်အမေက အခု ဘယ်မှာလဲ..
ရှင်လည်းသူနဲ့မတွေ့ရဘူးလား.."

"ဟင့်အင်း...ကျွန်မအမေနဲ့မိသားစုတွေကဟိုးအဝေးကြီးမှာပါ.. အရမ်းအရမ်းဝေးလို့ကျွန်မမသွားနိုင်တဲ့နေရာမျိုးပေါ့..."

ဟင်.."ဒါဆို သူတို့..က.."
"ဟုတ်ပါတယ် မရှိကြတော့ပါဘူး..
အခု ကျွန်မမှာမောင်လေးတစ်ယောက်ပဲ
ရှိတော့တယ်လေ..
မောင်လေးကလည်းအမြဲတမ်းကိုအိပ်နေတာပဲ...."
"ရှင့်မောင်လေးကနေမကောင်းဘူးလား"

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now