နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၁၈ရက်အနည်းငယ်ကြာတော့...ヅ
အိမ်မှာလူတွေယောက်ယက်ခတ်ပြီးအ
ထုတ်အပိုးတွေပြင်ဆင်နေကြစဉ်...
ဘုံ လိုက်ကြည့်ပြီး..ကောင်မလေးတွေကို.
"ဘယ်သွားကြမလို့လဲ ဟင်.."
"မမလေး အခုထိမသိသေးဘူးလား..
နှစ်သစ်ကူးအားလပ်ရက်ရောက်ပြီလေ..
Bossကနားရက်မှာအမဲလိုက်ထွက်မလို့
တဲ့.."
ဟမ်..
သူအမဲလိုက်မှာကသူတစ်ယောက်ထဲမ
ဟုတ်ပဲ..ဖရက်ဒီအပြင်အဖွဲ့လိုက်ပါသည်။
အေးလေ..နှစ်သစ်မှာမမြင်ရလေကောင်း
လေပဲ။
ဘုံလက်ကလေးနောက်ပစ်ပြီးခေါင်းတ
ညိမ့်ညိမ့်နဲ့လှည့်ထွက်လျှင်..
"မမလေး အတွက်လည်းပြင်ဆင်ရအုံးမယ်.."
"ဘုံကလား..ဘာလုပ်ဖို့လဲ.."
"မမလေးလည်း လိုက်ရမယ်လို့ပြောတယ်.."
"ဘာ..............">>>>>>>>>>>>>>>>>>>>>>>>>>>>
သူပြန်လာသောအခါ။
"မလိုက်ချင်ဘူး..."
"ကိုယ်ကလည်းရအောင်ခေါ်မည့်အစီအ
စဉ်ရှိတယ်.."
"ခင်ဗျား ဘာဖြစ်နေတာလဲ...
ခင်ဗျားရဲ့ဝါသနာအရသတ်ဖြတ်တာတွေ
ကို ဘုံစိတ်မဝင်စားဘူး.အိမ်မှာပဲနေခဲ့မယ်..ခင်ဗျားမကျေနပ်ရင်သော့ခတ်သွားလိုက်.."
"ကိုယ်နဲ့အဝေးမှာဆို ဘယ်နေရာဖြစ်ဖြစ်
မင်းကိုစိတ်မချဘူး.."
"အဲ့တာဆို မသွားနဲ့လေ..ရှင်းရှင်းလေးပဲ""မင်းမှာရွေးချယ်စရာမရှိဘူး..ကိုယ်သွားရင်မင်းလိုက်ရမယ်..ဒါပဲ.."
"ဒါပဲ..ဟုတ်လား..
ရိုးမထဲကိုမိန်းကလေးခေါ်သွားမယ်..
ခင်ဗျားဘယ်လောက်တာဝန်ယူနိုင်လို့လဲ""သေရမှာကြောက်လို့လား.."
"ခင်ဗျားကြောင့်ပဲ မသေချင်တာ."
"ကိုယ်နဲ့ကြာကြာနေချင်တယ်ဆိုပါတော့.""လဲသေလိုက်လေ..အဲ့လောက်မာန်တတ်
နေရင်..
ခင်ဗျားကလေအရူးတောင်မှဘယ်လိုရူး
နေတာပါလို့ ခေါင်းစဉ်တပ်ဖို့တော်တော်
ခက်အုံးမှာ..."
ဟား..ဟား..
"ဘာလို့လဲ ကိုယ့်လောက်ချောတဲ့အရူးမျိုး
အရင်ကမမြင်ဘူးလို့လား..."
ဟုတ်ပါ့..ရွံစရာလေး....
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...