နတ်ရထားစီးတဲ့သတို့သမီး {5} unicode

13.2K 410 7
                                    


၅/နတ်ရထားစီးတဲ့ သတို့သမီး👰
အပိုင်း...၅

ရက်ပိုင်းခန့်အကြာမှာ..
"ဘုံရေ..ဒီမှာကြည့်စမ်းပါအုံး.."
ဟေမာကဖုန်းနဲ့ဗီဒီယိုဖိုင်တစ်ခုပို့လိုက်
သည်။ ဗီဒီယိုဖိုင်ထဲမှာလေဒီလင်းရဲ့အမေ
ကliveလွင့်ပြီး..
သူ့သမီးကငြိမ်းချမ်းစွာနဲ့အိပ်စက်သွားပြီမို့
ီ။နောက်ထပ်မကောင်းသတင်းတွေ
ထပ်မတင်ဖို့ငိုယိုပြသွားသည်။

"တွေ့လားငါတို့ကသတင်းအမြတ်ထုတ်
သလိုဖြစ်နေပြီ။.. သူ့မိသားစုကတောင်ကျေနပ်နေပြီကို.. အခုလိုကြတော့နင်ရောငါရောလူဆိုးမဖြစ်သွားကော...
ကဲ..ဘုံ ငါတို့လက်လျှော့လိုက်သင့်နေပြီ..
ငါတော့နှုတ်ထွက်တယ်..နင်ဆက်လုပ်မှာ
လည်းငါအားမပေးဘူး...
ငါတို့လုပ်ရက်ကလေနဲ့စစ်တိုက်နေရသ
လိုပဲ..
တဖက်ကဧရာမနေတန်ခိုးဟဲ့၊
အမှန်ကိုယုံကြည်ပေးမယ့်သူတောင်မရှိတာ..
မေ့လိုက်တော့..ကောင်မလေးရေ.."

ဒါတောင်ဘုံဆိုတဲ့ ဘုံက...
"ငါတို့ကိုကူညီမယ့်လူတစ်ယောက်
လောက်တော့ရှိနိုင်ပါသေးတယ်..."တဲ့
"တစ်ယောက်ကြီးများတောင်လား.."
ဘဝဆိုတဲ့လူကိုသတိရမိပြန်သည်။
"အင်း..."

"နင်ကတော့ တကယ်ပဲဘုံ... တစ်ခါတစ်
လေဘဝမှာလက်လျှော့အရှုံးပေးတတ်
အောင်လည်းသင်ယူစမ်းပါဟဲ့."
"ဘယ်သူကအရှူံးသမားဖြစ်ဖို့ကြိုးစားမှာလဲ..
ငါဒီတစ်ခေါက်မတတ်သာလို့လက်လျှော့လိုက်ရရင်တောင်...အမှန်တရားကိုတော့ ငါထပ်ပြီးရှာဖွေနေအုံးမှာ.."

"လုပ်ကြပေါ့ ..ရှင်တို့ကရဲတွေပဲ.."
"ဟေရယ် နင်ပြောလိုက်မှဖြင့်..."
"ချိန်ခွင်မလေးဘုံရှင့်.မေးပါအုံးမယ်နော်..
အဲ့ဒီ့ဘဝဆိုတဲ့လူ ကတော်တော်မှချောရဲ့
လား..."
"ဟင်ဘယ်ကအဲ့အကြောင်းပါလာတာလဲ.
ငါမသိဘူး."
"အံမယ် အခုမှဘူးခံငြင်းမနေပါနဲ့နော်..
နင်ပဲမျက်လုံးထဲသူ့ပဲမြင်နေတယ်ဆို.."
"ငါဘယ်တုန်းကအဲ့လိုပြောမိလို့လဲ..ဟ"
"မပြောမိဘူးလား..."

"သူကခင်ဖို့ကောင်းတဲ့လူပါဒါပေမယ့်
သူ့အကြည့်တွေကတမျိုးကြီးပဲလို့.."
"နင်ကြွေနေပါပြီ.."
"မဟုတ်ပါဘူးဟယ်.."

အဲ့လိုလုံးဝမဟုတ်တာတော့သေချာတယ်

>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီနေ့ကတော့ဘုံ့မွေးနေ့ဖြစ်သည်...

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Donde viven las historias. Descúbrelo ahora