နတ်ရထားစီးတဲ့ သတို့သမီး
ဇတ်သိမ်းပိုင်း၁၀နှစ်ကျော်ကြာပြီးတဲ့နောက်...
ကုတင်ပေါ်မှာသူကလှဲလှောင်းအိပ်စက်နေသည်။
အနားမှာ သားအကြီးဆုံးဂိမ်းနှိပ်နေသည်။
တတိယသားကဆန့်ထားတဲ့သူ့ခြေထောက်ပေါ်မြင်းလုပ်စီးနေသည်။
စတုထ္တသမီးကအိပ်နေတဲ့သူ့အားနှုတ်ခမ်းနီဆိုးပေး
နေသည်၊ ဒုတိယသမီးကအငယ်တွေကိုတွန်းဖယ်
ရင်းရန်ဖြစ်နေကြသည်။ နံပတ်၅သားသားကတော့သူ့ကိုဖက်ပြီးအတူအိပ်ပျော်နေသည်။"အမလေး အမလေးအပြင်မှာထွက်ဆော့လို့ပြော
ရဲ့သားနဲ့ဒယ်ဒီ့အနားမှာ ဝိုင်းပြီးဆူညံနေကြတယ်
ပေါ့လေ..
ဒယ်ဒီနိုးသွားလို့ ခေါင်းကိုက်ရင်ဘယ်လိုလုပ်မလဲ...
ကဲ လာမာမီ့စကားနားမထောင်တဲ့ကလေးတွေကို
အကုန်ဆော်ပလော်တီးပြမယ်... "
"ဝမ်း..."
"သားဘာမှမလုပ်ဘူးနော် မာမီ သားဟာသားဂိမ်း
ဆော့နေတာ.. တူးဆူနေတာ..""မီးမီးမဟုတ်ဘူးမာမီ.. သရီး ဒက်ဒီ့အပေါ်တတ်ခုန်
လို့မီးကဆူနေတာ.."
"ဖိုး လုပ်တာ ဖိုးလုပ်တာ ဒယ်ဒီ့ကိုနှတ်ခမ်းနီဆိုးနေ
တာသားဟုတ်ဖူး..."4ကသူဆော်ခံရတော့မှန်းသိ၍ အခုမှအိပ်ချင်မူး
တူးထလာတဲ့ 5ကိုလက်ညိူးထိုးကာ..
"ဖိုက် လုပ်တာ..."
5ကကြောင်စီစီလေးကြည့်နေသည်။ စကား
ကောင်းကောင်းမပြောတတ်သေးပေမယ့် သူတရား
ခံဖြစ်တော့မယ်မှန်းတော့သိတာ..သူ့အမေဗိုက်ကိုလှမ်းပြီးလက်ညိုးထိုးပြလေသည်။
ဆူနေတဲ့ ဘုံရီချင်သွားသည်။ တကယ်ဉာဏ်ကောင်းတဲ့ကလေးတွေ..
သားတစ်လှည့်သမီးတစ်လှည့်နဲ့အပြင်မှာငါးယောက်ရှိတဲ့အပြင် ဗိုက်ထဲကလည်းသားနဲ့သမီးအမွှာ
လေးဟုသိထားသည်။
ဦးနေတန်ခိုးကြီးက တကယ်ဆုတောင်းပြည့်နေတာ..သူများကိုမစာမနာတကယ်တစ်ရာပြည့်အောင်များ
မွေးခိုင်းမလားမသိ..
အားလက်ရက်မို့ နေ့ခင်းကြီးမှာအိပ်နေတဲ့သူ့အားဘုံမျက်စောင်းလှမ်းထိုးလိုက်သည်။"တရားခံက မာမီ့ဗိုက်ထဲကပေါ့ဟုတ်လား..
ကိုယ်လုပ်ပြီး လွဲချတယ်၊ တော်တော်အကျင့်ကောင်းတွေတတ်နေတာပဲ...
နင်တို့ဒယ်ဒီ အလုပ်သွားတာနဲ့နေပူထုတ်လှန်းပြ
မယ်.."
"မာမီက ဂိုဏ်းစတား.."
"ဘာ..."
"ဒယ်ဒီကအဲ့လိုပြောတယ်..."
VOCÊ ESTÁ LENDO
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...