၃/နတ်ရထားစီးတဲ့ သတို့သမီး ♕အပိုင်း>>၃
စံအိမ်ထဲမှာတင်ရှိတဲ့အရက်ဘားမှာသူ
ဖန်ခွက်ထဲရေခဲတုံးညှပ်ထည့်ပြီးအရက်စပ်နေတုန်း..ဖရက်ဒီလာပြီး..
"ဈာပနာကိစ္စအတွက်အားလုံးစီစဉ်ပြီးပါပြီ
boss.."
"လင်းရဲ့အမေကော.."
"သွားခေါ်လာပြီးပါပြီ.."
"အင်းတာဝန်ကျေတယ်...
မနက်ကြမှလာနှိုး.."
"Boss....ဟို.."
"ပြောစရာကျန်သေးလို့လား..""Bossကိုယ်တိုင်လိုက်ပို့ရင်၊မဟုတ်တဲ့
သတင်းတွေထွက်လာနိုင်ပါတယ်..""ဖရက်ဒီ....ဟျောင့်
လင်းကငါ့ကို ကိုကိုလို့ခေါ်ပြီးမင်းနဲ့လည်း
ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်ဘူးလား?
"၇ နှစ်ကြာသံယောဇဉ်တွေနဲ့ သူ့ရဲ့နောက်ဆုံးခရီးမှာငါရှိမနေသင့်ဘူးလား..?
မင်းလည်းတကယ်ရက်စက်တဲ့ကောင်ပဲ "အရက်ခွက်ကိုမော့သောက်ပြီးနောက်..ဖရက်ဒီလက်ထဲဖန်ခွက်ထည့်ပေးကာ...
သူ့ပုခုံးကိုပုတ်ပြီး...
"စိတ်ကောင်းလေးလည်းထားစမ်းပါကွ.."ပြောပြီး..အခန်းဆီသို့လျှောက်သွားသည်။
ဖရက်ဒီ ဖန်ခွက်ကြီးကိုင်ပြီးကျောက်ရုပ်
လိုရပ်ကျန်ခဲ့သည်။
သူဘာပြောသွားတာလဲ သေချာစဉ်းစား
ပြီးမှ...
"ဟုတ် boss..">>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ရှူးရှူး..အနှင်းရေ..အနှင်း..ဒီကိုလာအုံး"
အပေါ်ထပ်မှာဘုရားပန်းလာတတ်လဲတဲ့
အိမ်အကူအနှင်းကို ဘုံလက်ယပ်ခေါ်ပြီး
အခန်းထဲသွင်းကာဟိုကြည့်ဒီကြည့်နဲ့
မာမီ့မရှိတာသေချာမှအခနး်တံခါးပိတ်လိုက်သည်။
"ဘာ..ဘာလုပ်မလို့လဲ ဘုံလေး.."
"အနှင်း..ဒီညလေဘုံသွားစရာရှိလို့အဲ့တာ
အနှင်းလိုက်ခဲ့ပေး..."
"ည ကြီးလား.."
"မနက်...မနက်၃နာရီလောက်..."
"အစောကြီးပဲ.."
"ရှူးတိုး တိုး..""မမကြီးကိုပြောပြီးမှ.."
"မဖြစ်ဘူး..မေမေ့ကိုမပြောနဲ့.."
"ဒါဆို အနှင်းတို့၂ယောက်ထဲလား..ဘယ်ကိုသွားမှာလဲ.."
"ရေဝေး.."
"ဟမ် ဘာ.."
"ဟာရေဝေးပါဆို..
သုသာန်လေ..မသိဘူးလား...
ဗြဲ..အဲ့လိုသရဲတွေနေတဲ့သချိုင်းကုန်း.."အနှင်းကနားနဲနဲလေးသည်ဒါကြောင့်ဘုံ့
မှာသူ့ကိုလက်တွေခြေတွေပါပြပြီးပြောနေ
ရသည်။
"အား..အဲ့တာဆိုမလိုက်ဘူး...အနှင်းသရဲ
ကြောက်တာ ဘုံလေးသိသားနဲ့.."
အနှင်းထွက်ပြေးမလို့ကိုဘုံအတင်းဆွဲထားပြီး...
"ဘုံတစ်ယောက်ထဲအဖော်မရှိလို့ပါဆို..
အနှင်းကလည်း..အနှင်းကိုမုန့်ဖိုး၁သောင်းပေးမယ်လေ.."
"ဟင့်အင်း အဲ့ကိုတော့မလိုက်ရဲဘူး.."
"အနှင်းနော်.. ဒါဆိုရင်လည်းရတယ်လေ
ဟိုဘက်ခြံကအလုပ်သမားအသစ်နဲ့
အနှင်းရည်းစားဖြစ်နေတာ မာမီသိအောင်
ပြောပြလိုက်တော့မယ်.."
"အဟင့် မလုပ်ပါနဲ့..မမကြီးသိရင်အနှင်း
ကန်ထုတ်ခံရမှာ.."
YOU ARE READING
နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...