နတ်ရထားစီးတဲ့သတို့သမီး{12} unicode

11.5K 399 3
                                    


၁၂/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၁၂

သားဖြစ်သူရဲ့မဂ်လာဦးဆွမ်းကျွေး
အတွက်..ပြင်ဆင်နေတဲ့ခင်ခင်ဦး..
မှန်ကြည့်ကာပါးပေါ်ကမိတ်ကပ်ညီညာ
အောင်brushလေးနဲ့ဆွဲခြစ်နေရင်းကနေ.
မျက်ဝန်းအိမ်မှမျက်ရည်တွေအလိိုုလိုစီး
ကျလာတာကြောင့်အံ့သြစွာနဲ့တို့ထိကြည့်
မိသည်။
ဟင်.. ငါဘာလို့ငိုနေမိတာလဲ..

"မမလေး..ဒီမှာမှာထားတဲ့ပန်းတွေ...ဟင်"
အိမ်အကူမကြူက..သူမလိုချင်သော
ရှားပါးသစ်ခွပန်းတွေယူလာပေးရင်း..
အနားရောက်လာသောအခါ..
"မမလေး..ငိုနေတယ်..နေမကောင်းလို့
လား..ဘယ်နေရာအဆင်မပြေလို့လဲဟင်
မကြူကိုပြောပါ.."
"ဦးလည်းမသိဘူး..မကြူ.စိတ်ထဲဝမ်းနည်း
ပြီးငိုချင်လာတာပဲသိတယ်..
ဧကန်န..ဦးရဲ့သားလေးတစ်နေရာမှာများ
နာကျင်ဝမ်းနည်းနေလို့နဲ့တူတယ်..."
"မမလေးရယ်.."

"ဦးသိပါ တယ်..ဒီလိုအတွေးကရူးသွပ်နေမှန်း..ဦးကသားလေးမျက်နှာတောင်
မြင်ဖူးတာမဟုတ်ဘူးလေ..
ဒါပေမယ့်..ဦးစိတ်ထဲကခံစားလို့ရတယ်..
အဲ့ကလေးတစ်နေရာရာမှာနာကျင်ကြေ
ကွဲနေလိမ့်မယ်..
သားလေးကိုသနားလွန်းလို့ဘယ်လိုလုပ်
ရမလဲ မကြူရယ်.."

"မမလေးရယ်..သားငယ်လေးတစ်နေရာ
ရာမှာကောင်းကောင်းမွန်မွန်ရှိနေမှာပါ..
ဒီနေ့ သားကြီးလက်ထပ်တဲ့နေ့မို့..
သားငယ်ကိုပိုသတ်ိရပြီး..မမလေးရင်ထဲ
ဝမ်းနည်းလာတာနေမှာပါ.."
"သူတကယ်ကောင်းတဲ့နေရာမှာရှိနေမှာ
ပါနော်.."
"သေချာတာပေါ့ မမလေးကသူ့အတွက်
အမြဲတမ်းဆုတောင်းပေးခဲ့တယ်မှတ်လား"
"ဦး သူ့အတွက်လုပ်ပေးနိုင်တာ ဒါပဲရှိလို့
ပါ..
သားလေးကိုသာပြန်တွေ့ရမယ်ဆိုရင်လေ
ဘာနဲ့ပဲဖြစ်ဖြစ်လဲပစ်လ်ိုက်ချင်ပါတယ်"

"တနေ့နေ့တော့ သားလေးနဲ့ပြန်ဆုံနိုင်မှာ
ပါကွယ်..မကြူလည်းအမြဲတမ်းဆုတောင်းပေးနေပါတယ်.."

မကြူကိုဖက်ပြီးငိုကြွေးနေမိပြန်သည်။
ဘယ်ဘဝကဝဠ်ကြွေးတွေများလဲသား
ရယ်...
ဝမ်းကကျွတ်ကတည်းကဖွားအေလုပ်သူ
ဆီကရက်ရက်စက်စက်စွန့်ပစ်ချင်းခံရတဲ့
သားလေး...
ဒါအားလုံးမေမေ့အပြစ်တွေပါ...

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Donde viven las historias. Descúbrelo ahora