Unicode
.barရှေ့ထွက်လာချင်းမှာဘဲ မိမိရှေ့ပိတ်ရပ်လာတဲ့ အကောင်းစားအနက်ရောင် ကားတစ်စီး။ ကားမောင်းသူက ဘယ်သူလဲမေးနေစရာမလို သေချာပေါက် မင်းစစ်ကုဋေ ဖြစ်သည်။ ထိုလူက ခန့်ညားသည်ပြောလို့ရသလို လှပသည်လို့လည်း တင်စားလို့ရလိမ့်မည်။ မိန်းမတွေလို အမို့မောက်တွေမရှိသော်ငြှားလည်း ယောကျာ်းဆန်ဆန်လှလွန်းသည်။
နှာတံစင်းစင်း မေးရိုးချွန်ချွန် ဆေးလိပ်ကြိုက်နှစ်သက်တာကြောင့် နှုတ်ခမ်းညိုက တစ်မျိုးစွဲဆောင်မှုရှိ၏။ ကားပေါ်က ဆင်းလာပြီး သူ့အားလက်ပိုက်ခါ ကြည့်နေပုံက အိမ်ကလင်ယောက်ျား အိမ်ပြန်မလာလို့ စိတ်တိုနေတဲ့ အိမ်ရှင်မကြီးလို ကြောက်စရာကောင်းနေသည်။ ခြိန်းလဲ နားမလည်နိုင်တော့ ဒီလိုအပေါက်ဆိုးပြီး ဇီဇာကြောင်တဲ့ အဘိုးကြီးကိုမှ ကပ်နေမိပါလိမ့်။ မ" တစ်လုံးနာမည်တူနေပေမဲ့ သူတို့နှစ်ယောက်၏ တည့်သည့်အချိန်က ခပ်ရှားရှားပင် ။
"ကားပေါ်တက်!"
ရိုက်ပေါက်နဲ့ပြောလာတဲ့ မင်းစစ်စကားအတိုင်းဘဲ ခြိန်းကားရှေ့ခန်းထဲ ဝင်ထိုင်နေလိုက်သည်။ ထိုလူက ကားမောင်းသူနေရာသို့ ဝင်ထိုင်တော့မှ မေးခွန်းစမေးလိုက်၏။
"ဆိုစမ်းပါအုံး...ကျုပ်ကိုလာခေါ်တာ ဘာတွေအရေးကြီးနေလို့လဲ"
"မင်းဘားထိုင်နေတာကရော အရေးကြီးတဲ့ အလုပ်ကြီးလား!"
"ကျစ်! ခင်ဗျားဟာလေ"
"ငါမပါဘဲ အဲ့လိုနေရာတွေ မသွားနဲ့ ခြိန်း ငါမကြိုက်ဘူး"
"ကျုပ်တော့ ကြိုက်တယ်"
"ဒါဆို မင်းရဲ့ကဒ်ကို ငါပိတ်လိုက်မယ်"
"ခင်ဗျား! ခင်ဗျားများနေပြီး မင်းစစ်! ကျုပ်ကိုအဲ့လောက် လိုက်မချုပ်ခြယ်နဲ့ ကျုပ်မကြိုက်ဘူး"
"အင်း...ငါတော့ကြိုက်တယ်"
"ဘာ!"
"မင်းကို ငါ့အပိုင်လို လိုက်ချုပ်ခြယ်ရတာကို ငါသိပ်ကြိုက်တယ်"
"အဟင်း! ဟုတ်ပါပြီ ကျုပ်ဘဲမှားတာပါ...."
"အခုမှ သိသလား...."
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"