20

37.2K 1.8K 68
                                    

Unicode

Mature






"ပြန်လာပြီလား မင်းစစ်"

"ကျစ်! ခြိန်းမင်းငါ့အိမ်မှာ နေရင်လဲ စည်းကမ်းတော့ ရှိသင့်တယ်ကွ"

"ကြည့်ဦး... မုန်းခွံတွေဘီယာဗူးခွံတွေရော ရှုပ်ပွနေတာဘဲ ငါ့ကိုအိမ်အပြန်အမောစို့သေအောင် လုပ်နေတာလား ဟမ်....!"

အိမ်ဧည့်ခန်းထဲမှာ ထိုင်ပြီးဇာတ်လမ်းတွဲကြည့်နေတဲ့ခြိန်းအား မင်းစစ်စိတ်ဆိုးရျ် ဆူပူနေမိသည် ။ အိမ်ပြင်ထွက်ပြီး ပြဿနာမရှာလို့ စိတ်မပူရပေမဲ့ အိမ်ထဲနေပြီး သူ့ကို အမောစို့သေအောင်လုပ်နေသည် ။

"မာန်ဝဏ္ဏခြိန်း....!"

"ကျစ်! ဘာလဲကွာ"

"ငါမင်းကို ပြောနေတာတွေ ကြားရဲ့လား!"

"ကြားတယ်! "

"ကြားရင် အခုထအဲ့တာတွေ တစ်ခုမကျန်ပြန်ရှင်း"

"နောက်မှ ရှင်းမယ်ထားလိုက်"

"မင်းပြောတဲ့ နောက်မှက ကာလနဂါးပြန်နိုးလာမဲ့အချိန်ထိလား"

"မင်းစစ် ခင်ဗျားက ကျုပ်အမေလား"

"မဟုတ်ဘူး မင်းလင်လေ"

ဒေါသထွက်လွန်းလို့ မင်းစစ်နားကွဲအောင် အော်ထည့်လိုက်ပေမဲ့ သကောင့်သားက တဟားဟားနှင့် အော်ရီနေပြန်သည် ။ အလကားဘာမှ သုံးစားမရတဲ့ကောင် ။

"ခင်ဗျားက ကျုပ်လင်ဆို ကျုပ်ကလဲ ခင်ဗျားယောက်ျားပေါ့  ဒါဆို ခင်ဗျားယောက်ျားရဲ့ ဝေယျာဝစ္စတွေ ခင်ဗျားလုပ်ပေးရမှာလေ မဟုတ်ဘူးလား"

"ခြိန်း....."

"ပြောကြည့်! "

"ဟိုမှာ မြင်လား တီဗီခုံပေါ်မှာ ကြက်မွှေး "

"မြင်တယ်လေ "

"အဲ့ကြက်မွှေးကို မင်းယူပြီး ဖုန်သုပ်မလား ဒါမှမဟုတ် ငါကိုယ်တိုင် အဲ့ကြက်မွှေးနဲ့ မင်းကိုလိုက်ရိုက်ရမလား"

"ဟာ့! "

လက်ကိုခါးထောက်ပြီး အိမ်ရှင်မကြီးလို လင်ယောက်ျားအား ခိုင်းစားနေသည့် ရုပ်နဲ့ မင်းစစ်ကုဋေတို့က ပညာပြချေပြီ ။ မလုပ်ဘူးငြင်းပြန်ရင်လဲ အတည်တွယ်မဲ့ ရုပ်ကြီး ။ ဒီအဖိုးကြီး တစ်ခါတလေ မိန်းမကြီးလိုဘဲ အရမ်းဆိုးလွန်းတယ် ။ မာန်ဝဏ္ဏခြိန်းတို့တော့ ငွေတွင်းအောင်းနေရတာလား အိမ်ထောင်တွင်းအောင်းနေရတာလားကို မသိတော့ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now