8

47.9K 2.3K 14
                                    

Unicode



ခြိန်းသူ့ရဲ့ ကိုယ်လုံးလေးကို ကုတင်ပေါ်အသာတင်လို့ ကိုယ်တိုင်သူဘေးမှ ဝင်လှဲလိုက်သည် ။ ဒေါသကြောင့်နီရဲနေတဲ့ မျက်နှာလှလှလေးက အနည်းငယ် စူထော်နေသည့် အညိုရောင်နှုတ်ခမ်းတွေနဲ့ အရမ်းကိုစွဲမက်စရာကောင်းနေတော့သည် ။ ခြိန်းအသဲယားစွာဘဲ သူ့ပါးပြင်ကို ကိုက်ဆွဲလိုက်မိသည် ။

"အာ့... ခြိန်း! "

"နာသွားသလား"

"အင်း..."

"ခင်ဗျားဗျာ ရွှတ်! "

"အင့်! မနမ်းနဲ့ဖယ်"

"နမ်းမှာဘဲ ရွှတ်!"

"ခြိန်း!!! "

"ဟား....ဟား...ဟား.... ချစ်စရာကြီးဗျာ ခင်ဗျားက"

"ဘောဖြစ်လို့! လာလှောင်နေတာလား "

"မင်းစစ် "

"အင်း "

"ကျုပ်ကို ဘာလို့ပစ်ထားတာလဲ အဲ့တာကျုပ်သိချင်တယ် ခုဖြေ"

"ဟင့်အင်း! ငါမအားလို့"

"လိမ်ပြန်ပြီ"

"ငါမလိမ်ပါဘူး"

"ကျုပ်ကို စွန့်ပစ်ဖို့ ကြံစည်နေတာလား!''

"မဟုတ်ဘူး ငါ့ကို စွန့်ပစ်သွားမှာကိုဘဲ ကြောက်နေတာပါ ခြိန်း''

နောက်ကနေထိုလူ့ကို ခြိန်းသိမ်းကြုံးဖက်လို့ မွှေးကြူမိနေချိန်မှာဘဲ ခြိန်းရဲ့ ဖုန်းမှအသံမြည်လာသည် ။

"ပြော "

"............''

"အင်း! ငါမလာတော့ဘူး မင်းတို့ဘဲသွားကြ"

"..........''

"ငါမအားလို့ "

"ဘယ်သူလဲ ခြိန်း"

တစ်ဖက်ကို စကားပြတ်ပြတ်ဘဲပြောနေတဲ့ခြိန်းအား မင်းစစ်မေးလိုက်မိခြင်း ။

"ကျုပ်သူငယ်ချင်းပါ ကျော်ဘုန်းမြင့်လေ ခင်ဗျားလဲ သိမှာပါ"

"အင်း သူကဘယ်ခေါ်နေတာလဲ"

"ဘားကို"

"မင်းသွားချင်လားဟင်"

"ကျုပ်သွားတော့ရော ခင်ဗျားကခွင့်ပြုမှာကြလို့"

"အင်း ငါလဲလိုက်ခဲ့မယ် ခြိန်း"

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Donde viven las historias. Descúbrelo ahora