15

38.9K 1.9K 39
                                    

Unicode

ညကတစ်ညလုံး အိမ်မပြန်တဲ့ ခြိန်းဟာ သူရအိမ်မှာဘဲ ခါတိုင်းလို အိမ်ကလူနဲ့စိတ်ဆိုးရန်ဖြစ်လို့ သွားနေခဲ့သည် ။ အခုတော့ ကားသော့ကို တစ်ဝေ့ဝေ့ ယမ်းလို့ လေချွန်ပြီး အိမ်ထဲဝင်လာခဲ့သည် ။

ပြန်ရောက်တော့ ဘာသံမှမကြားမိတာကြောင့် နည်းနည်းစိတ်ထဲ ခံစားမိနေ၏ ။ အိမ်ဧည့်ခံထဲမှာ ဘယ်သူမှ မရှိတာကြောင့် မီးဖိုခန်းထဲ ဟိုလူရှိမလား ဝင်ကြည့်မိသည် ။

ထမင်းစား စားပွဲရှေ့ ငူငိုင်ပြီးထိုင်နေသည့် မင်းစစ်ကြောင့် သူမျက်မှောင်ကျုံ့မိပြန်သည် ။ တစ်ခန်းလုံးလည်း ရှုပ်ပွနေပြီး မင်းစစ်ထံက မကောင်းတဲ့အငွေ့အသက်တွေပင် သူခံစားလာမိသည် ။

"ပြန်လာပြီလား ခြိန်း! "

"ဟမ်! သြော်....အင်းပြန်လာပြီ"

တည်တံ့သည့် မျက်နှာဘေးနဲ့ ခြိန်းကိုကြည့်လာသည့် မင်းစစ်က ခြိန်းကို တစ်မျိုးဖြစ်သွားစေသည် ။

"ပျော်ခဲ့ရဲ့လား "

"ဘာတွေ မေးနေတာလဲ ခင်ဗျားက"

"ငါမေးတာ မင်း ပျော် ခဲ့ ရဲ့ လား လို့"

ဂလု......

တစ်လုံးချင်းစီကို တိကျပြတ်သားအောင် ခပ်ကျယ်ကျယ်နဲ့ မင်းစစ်ကပြောလာပေမဲ့ ခြိန်းမှာတော့ အာတွေပင် ခြောက်လာသယောင် ။

သူ့အား ခပ်ကြောင်ကြောင်အကြည့်တွေနှင့် နားမလည်သလို ပြန်ကြည့်နေသော ခြိန်းထံ စားပွဲပေါ်က စာရွက်လေးကို လှမ်းပစ်လိုက်တော့သည် ။

မင်းစစ် အတတ်နိုင်ဆုံးခြိန်းကို ပြုံးပြလိုက်၏ ။ ထိုအပြုံးတွေကတော့ အသက်မဲ့လျက်ပေ ။ နာကျင်မိရင် ဖာထေးပြီး ချစ်နိုင်သေးပေမဲ့ နားကျည်းမိရင်တော့ မင်းစစ် ခံနိုင်ရည်ရှိရှိ လက်လွတ်ပေးလိုက်မည် ။

သူအမုန်းဆုံးက ဖောက်ပြန်တတ်သော လူတွေကိုပေ ။ သူအချစ်ဆုံးလူဖြစ်နေရင်တောင် ခွင့်လွတ်ပေးမည်မဟုတ် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now