12

42.3K 2.1K 12
                                    

Unicode





တီ.....တီ.....

အပြာရောင်ကို အနုစိတ်ခြယ်သထားသော နှစ်ထပ်တိုက်ခြံအကျယ်ကြီးရှေ့သို့ ဟန်ဓနရိုးတို့၏ ကားဖြူလေးမှာ စိုက်ရပ်သွားတော့သည် ။ ခြံစောင့် ဖြစ်ပုံရသောလူကြီးတစ်ယောက်က တံခါးလာဖွင့်ပေးတော့မှ အကိုစိုင်းတခေတ်က ကားပေါ်ကဆင်းပြီး သူ့ကိုနှုတ်ဆက်၏ ။

"အိမ်ထဲ ဝင်ပါအုံးလား ညီ"

"နေပါစေဗျ ကျွန်တော်နောက်လမ်းကြုံမှ အလည်လာခဲ့ပါ့မယ် အကိုခေါ်မယ်မို့လား"

"ဒါပေါ့ကွ မင်းလာချင်ရင် အကိုကတံခါးမရှိ ၊ ဓားမရှိ ကြိုဆိုပါတယ်ကွာ "

"ဟား....ဟား....ဟုတ်ပါပြီဗျာ ဒါဆိုနောက်အားရင် ကျွန်တော်ဆက်ဆက်လာခဲ့မယ် အကို အခုတော့ သွားအုံးမယ်နော်"

"သေချာဂရုစိုက် မောင်းနော် ဘိုင့်ဘိုင် ညီရ"

ဓနရိုးဘက်က ခေါင်းညိတ်လို့သာ အသိမှတ်ပြုလိုက်မိသည် ။ ခဏတာဆုံမိတဲ့ လူကို တစ်ဘဝစာ ရင်ခုန်မိခဲ့ပြီ ထင်ပါရဲ့လေ။ အကိုစကားသံတိုင်းက ကျွန်တော့််ရင်ကို အဖျားခတ်စေတယ် ။

ဒေါက်.....ဒေါက်....ဒေါက်

"ကိုကိုတောင် ပြန်ရောက်ပြီလား သားကအရမ်းသတိရနေတာ"

အခန်းတွင်း ရှူးဖိနပ်သံခပ်ကျယ်ကျယ်နှင့် လှမ်းလာတဲ့သူ့ကို ပြေးဖက်လို့ အမူပိုချွဲပြနေသော ကောင်လေး၏ကိုယ်အား စိတ်ရှုပ်သလိုဆွဲခွာပစ်မိသည် ။

"ဒီမှာ! မြူဒေါင်းစိုင်း! ငါ့အသားကိုလာမထိဖို့ မင်းကို ဘယ်နှစ်ခါသင်ထားလဲ မင်းနားမပါဘူးလား ဟမ်!"

"ကိုကို... ဟို...သားကလေ ကိုကို့ကို....."

"တော်တော့ ဆင်ခြေတွေ နားထောင်ဖို့ ငါမအားဘူး ပင်ပန်းလာတယ် ဖယ်စမ်း!"

သေးသွယ်သွယ်ကိုယ်လေးကို ဘေးကိုတွန်းဖယ်ပစ်လိုက်ပြီး ကိုယ့်အခန်းကို ဝင်လာမိသည် ။ သူ့ဘက်က ဘယ်လောက်ဘဲ တွန်းဖယ်နေပါစေ အမြဲကပ်တွယ်နေတဲ့ သူ့ကို စိတ်နာနာနဲ့ ပိုလို့အပြစ်တင်မုန်းတီးနေမိသည် ။ ဒါတွေဟာ သူ့ရဲ့ လူယုတ်မာအမေကြောင့်ဘဲမလား ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now