Unicode
ဒီနေ့တော့ မနက်စောစောစီစီးခြိန်းတစ်ယောက် နိုးနေသည် ။ ဘေးနားကိုကြည့်တော့ လူမရှိသည့် အိပ်ရာအလွတ်သာ ။ သူ့ရဲ့ရှုပ်ပွနေသော ခေါင်းကိုတစ်ချက်ကုပ်ပြီး ရေချိုးခန်းထဲသာဝင်လိုက်တော့သည် ။
အိမ်အောက်ဆင်းလာတော့လည်း မီးဖိုခန်းထဲက တစ်ရှဲရှဲ ကြော်သံများနဲ့ အသီးလှီးသံများက ဆူညံလို့နေသည် ။ ခြိန်းက သူ့အောက်နှုတ်ခမ်းကိုယ်သူ လျှာသပ်ပြီး မီးဖိုခန်းထဲက ချက်ပြုတ်နေသော မင်းစစ်ထံပြေးလာတော့သည် ။
သူမနက်တိုင်း ခေါက်ဆွဲပြုတ်နဲ့ညားရတာကို မုန်းလှသည် ။ မင်းစစ်နဲ့မနက်တိုင်းနိုးထရသည့်ရက်တွေကတော့ သူ့အတွက်သာယာခြင်းတွေပေ ။ သူကြိုက်သည့် ဟင်းများကိုမရိုးရအောင် ကိုယ်တိုင်ချက်ပြုတ်ကျွေးတတ်သော မင်းစစ်ဟာ သူ့ရဲ့ အိမ်ရှင်မလေးလိုပင် ။
"နိုးပြီလား ခြိန်း"
"အင်း....ခင်ဗျားဘာတွေကြော်နေတာလဲ"
"ပေါင်မုန့်ကြက်ဥကြော်နေတာ ကော်ဖီနဲ့ မင်းကြိုက်တယ်မို့လား"
"ဒါပေါ့ ခင်ဗျားလုပ်ကျွေးတာမှန်သမျှ အကုန်ကြိုက်တယ် "
"ဒါဆို ရှေ့မှာထိုင်စောင့်နေ ငါယူခဲ့မယ်"
ခြိန်းလည်း မင်းစစ်ပြောသလိုသာ ထိုင်စောင့်နေလိုက်သည် ။ တစ်အောင့်ကြာတော့ ကော်ဖီနဲ့ ပေါင်မုန့်ကြက်ဥကြော်ကို ဗန်းပေါ်တင်ပြီး ယူလာပေးတော့သည် ။
"စားလို့ရပြီ"
"မင်းစစ်.... ခင်ဗျားကလေ အခုကျ အိမ်ရှင်မကြီးလိုဘဲသိလား"
"မာန်ဝဏ္ဏခြိန်း....စားမှာဖြင့်စား လေပေါမနေနဲ့"
"ဟုတ်ကဲ့ပါဗျ မိန်းမ ပြောသလိုလုပ်ပါ့မယ်"
"ခြိန်း! "
"ဟား.....ဟား.....ဟား...ဟား.... ကျုပ်ကစတာပါဗျာ ခင်ဗျားကဒေါသချည်းဘဲ"
တစ်ဟားဟားနှင့်အော်ရယ်နေသော သူ့ထံမျက်စောင်းတစ်ခုကဒိုင်းကတည်း လာမှန်တော့သည် ။
ပန်းကန်ထဲက ပေါင်မုန့်ကို ဓားနဲ့နည်းနည်းလှီးလိုက်ပြီး တစ်ဖက်လက်ကခရင်းနှင့်ထိုးလို့ ခြိန်းစားလိုက်တော့သည် ။ အရသာက သူများတွေလို့ ပေါ့မနေ ။ အနေတော်လေးနဲ့ စားလို့အရသာရှိ၏ ။
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"