Unicode
အခန်းနံပါတ် - 143
ဆေးရုံ အခန်းတံခါးကို တွန်းဖွင့်ပြီး အလောတကြီးဝင်လာတဲ့ မင်းစစ် ။ သူ့မျက်နှာမှာ ပြေးလွှာလာရသဖြင့် ချွေးများနှင့် ရွှဲနစ်နေသည် ။
လူနာကုတင်ပေါ်မှာရှိသော ဖခင်ဖြစ်သူစီ စိုးရိမ်တကြီး အနားသွားလိုက်ကာ အခြေအနေကို စိုင်းအား မေးလိုက်၏ ။
"အဖေဘာဖြစ်တာလဲ စိုင်း''
"နှလုံးထဖောက်တာလို့တော့ ဆရာဝန်ကြီးက ပြောတာဘဲ ၊ အခုထိတော့ သတိမလည်သေးဘူး''
"မေ့ပြီးလဲကျတော့ ခေါင်းကို စောင့်မိသွားတယ်တဲ့ ခေါင်းကိုပါ ချုပ်ထားရတယ် ဘယ်ချိန်မှ သတိရမလဲတော့ ဆရာဝန်တွေလဲ အတိအကျမသိကြဘူး''
စိုင်းက မင်းစစ်၏ ဖြူဖက်နေသော မျက်နှာကိုဘဲ မသက်မသာကြည့်ရျ် ပြောပြနေရသည် ။ ဒီကောင် သူ့အဖေကို မုန်းတယ်သာပြောတာပါ အခုလိုဖြစ်တော့လည်း သူနေနိုင်တာမှ မဟုတ်ဘဲ ၊ သွေးသားကစကားပြောတယ်ဘဲ ဆိုရမလား ။
"ဆရာဝန်က အများကြီးလဲ မစိုးရိမ်ရပါဘူးတဲ့ မင်းစစ်ရာ အဲ့လောက်လဲ မင်းစိတ်ထိခိုက်မနေပါနဲ့ ၊ အန်ကယ်အမြန်ဆုံး သက်သာလာမှာပါ''
"ငါ....ငါက ဘာလို့ စိုးရိမ်ရမှာလဲ မကောင်းတတ်လို့သာ ငါလာကြည့်ပေးတာ ၊ ဒီလူက ငါနဲ့ဘာမှ မပတ်သတ်တော့ဘူး''
"မင်းငါ့ကို လိမ်လို့ရမယ် ထင်နေလား မင်းစစ်!''
"ငါကဘာတွေ လိမ်နေလို့လဲ စိုင်း....''
"မင်းအဖေကို မင်းမမုန်းနိုင်ပါဘူး မင်းသိပ်ချစ်တာ ငါသိပါတယ် မင်းစစ်ရယ် ကိုယ့်ကိုကိုယ် အဲ့လောက် လိမ်ညာမနေစမ်းပါနဲ့ကွာ''
"ငါမချစ်ဘူး ငါကသူ့ကိုမုန်းတာ စိုင်း! သူ့ကြောင့် ငါ့အမေက စိတ်ရောလူရော ပင်ပန်းပြီးသေခဲ့ရတာ ၊ တကယ်ဆို ငါ့အချစ်တွေနဲ့ မထိုက်တန်သလို ငါ့အဖေဖြစ်ဖို့လဲ အဲ့လူကမတန်ဖူး!''
"မင်းစစ်...တော်တော့! မင်းငရဲကြီးမယ်''
"ငရဲကြီးမယ်? ဟုတ်လား? ဟား..ဟား... မင်းငါ့ရဲ့ ခံစားချက်တွေကို နားမလည်ဘူးလို့တော့ မပြောနဲ့ စိုင်း! မင်းလဲ ငါ့လိုဘဲမလား ငါ့လိုဘဲ မင်းမခံစားရဘူးလားကွ! စိုင်းရ! ဟမ်! "
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"