Unicode
မင်းစစ်နောက်ကျိကျိခေါင်းနဲ့ တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ ကိုယ်ကြောင့် နိုးနေပေမဲ့မထဖြစ် ခြိန်းနဲ့သူ ညတာကိုဖြတ်သန်းရတိုင်း သူကြုံနေကြမို့ သိပ်တော့ထူးမနေတော့။ သူ့နောက်ကျောက လည်ပင်းနားရှိ အသက်ရှူသံ ခပ်နွေးနွေးလေပူလေးက ခြိန်းရဲ့ လေပူငွေ့လေးပင်။ ခြိန်းက သူ့ကိုဆို လုံးဝမညှာတာ နွားသိုးကြိုးပြတ်ကြိုးပမ်းတာကြောင့် မင်းစစ်ရဲ့ ခါးရိုးတစ်လျှောက် ကိုက်ခဲမှုက အပြင်းသား။ဖက်တွယ်ထားတဲ့လက်တွေကို ဖယ်ထုတ်ပစ်လိုက်ပြီး ရေချိုးခန်းထဲ ရေဝင်ချိုးရတော့သည်။မိုးဝဏ္ဏခြိန်းကတော့ သူရေမိုးချိုးပြီးသည်အထိ အိပ်ယာမှမထသေး။ မသိလျှင် သူကဘဲ အောက်ကနေရသူလိုလိုနဲ့ မင်းစစ်နှခေါင်းရှုံ့မိသည်။ပြောတာမှ မကြာသေး တွန့်လိမ်ပီးနိုးလာတဲ့ခြိန်း။
"ခြိန်း...မင်းနိုးရင်လဲထတော့ မျက်နှာသစ် အဝတ်စားလဲပြီး အောက်ဆင်းနှင့်''
"အင်း...."
ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့ ခြိန်း။ မင်းစစ် အဝတ်လဲဖို့ ဗီရိုကိုဖွင့်ကြည့်နေတုန်း မှန်တင်ခုံပေါ်မှ သူ့ဖုန်းမြည်သံကြောင့် ဖုန်းစီသွားကိုင်လိုက်၏။
"ဟယ်လို"
"မိန်းမရေ...."
"-ီးကို မိန်းမပါလား သတောင်းစား "
"ဟီး.....မိန်းမကလဲ ယောက်ျားပြန်လာမလို့ အဲ့တာလာကြိုပေး"
"မင်းတကယ်ကြီး ပြန်လာပြီလား "
"အေးလေ... မိန်းမနဲ့ မခွဲနိုင်တော့လို့ ပြန်လာတာ.... "
"ဟဟျောင့်! အေးမင်းတွေ့ရင် အထိုးခံရတော့မယ် "
"ချစ်လို့စတာကို မိန်းမကလဲ"
"-ီးကို...ချစ်လိုက်လေ"
"ဖွီ! ရွံစရာကြီး မိန်းမရာ"
"ဟဟျောင်း ငစိုင်း"
"ဟဲဟဲ! မင်းစစ်ရာ မင်းကလဲ စိတ်ချည်ဘဲ"
"အခုမင်းက လေယာဉ်ကွင်းမှာလား"
"အေးပေါ့ကွာ...."
"အေး! ငါလာကြိုမယ် ဒါဘဲ "
တီ..........
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"