Unicode
"ကိုကို.... ကိုယ်ဗိုက်ဆာတယ်! "
"ကိုကိုရေ ကိုယ်ရေချိုးမယ်! "
"ကိုကိုရေ ရေသောက်ချင်လို့ ရေယူခဲ့ပါအုံး! "
"ကိုကို....ကိုကို.....ကိုကို....."
"အား............! မာန်ဝဏ္ဏခြိန်း!!! "
မင်းစစ်၏ သည်းခံနိုင်မှုတွေမှာ သူ့ကို ကိုကိုထပ်အောင်ခေါ်ပြီး ခိုင်းစားနေသော သကောင့်သားကြောင့် အလဲလဲအပြိုပြိုတွေ ဖြစ်ကုန်သည် ။
"ဗျာ....ကိုကို "
မခုတ်တတ်တဲ့ ကြောင်တစ်ကောင်အယောင်ဆောင်ပြနေတဲ့ မာန်ဝဏ္ဏခြိန်းက မင်းစစ်သူ့ကိုဆူတော့မှာလည်း သိတော့ မျက်နှာငယ်လေးနဲ့ ထူးရှာသည် ။
မင်းစစ် ခြိန်း၏ပုံစံကို ကြည့်ပြီး ဆူရခက် မဆူရခက်ပင် ။ တကယ်လုပ်ချင်တာကတော့ ဆွဲဖြဲပစ်ချင်နေမိတာဘဲ ။ လူကိုများ သူ့အလုပ်သမားထင်နေလားမသိ ။
"မာန်ဝဏ္ဏခြိန်း မင်းငါ့ကို ခိုင်းစားဖို့ ချစ်တာလားပြော! "
ခေါင်းကိုအတင်းတွေခါပြလာတဲ့ သူ့ရဲ့ လူဆိုးလေး ခေါင်းတွေမူးကုန်မှဖြင့်.....
"ခေါင်းမူးလိမ့်မယ် ခြိန်းရယ် "
".........."
"မင်းငါနဲ့ ချစ်သူဖြစ်သွားပြီးမှ အတော်လေးပြောင်းလဲ လာတယ် "
"ဘာပြောင်းလဲလို့လဲ ကိုယ်က "
"ကလေးအရမ်းဆန်လာတယ် "
"ဘာပြောလိုက်တာလဲ! ဘယ်သူက ကလေးဆန်နေလို့လဲ "
"မင်းလေ မဟုတ်လို့လား "
"မဟုတ်ပါဘူး ကိုကိုလျှောက်မပြောနဲ့! "
ခြိန်း၏ ဘူးခံငြင်းနေတာတွေကို သဘောကျလွန်းတာမို့ သူတစ်ခစ်ခစ်ရီမိပြန်သည် ။
မင်းဘယ်လိုလိုနေနေပါ ငါ့အမြင်မှာတော့ မင်းကငါ့ရဲ့ကလေးပေါက်စလေးပါဘဲ ခြိန်း.......
"ကဲပါ ထားပါတော့ အခုဘာဝတ်မှာလဲ တီရှပ်အနက်ဘဲ ဝတ်မလား"
"ကိုကို"
"အင်းပြောလေ "
"ကိုယ်အရမ်း ဆိုးခဲ့တယ်မလား ကိုကိုစိတ်ရှုပ်အောင်"
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"