Unicode
မိုးလေအေး စဲစဲလေးရိုက်ခတ်နေပြီး အအေးဓာတ်လေးနှင့် အိပ်ရာထက် ခြိန်းတစ်ယောက်ကွေးလို့ကောင်းနေခဲ့သည် ။ အခန်းထဲ မနက်အချိန် ၈နာရီပင်ရှိနေပြီး ခြိန်းမှာတော့ အိပ်ရာထဲမှာသာ လူးလိမ့်အိပ်နေတော့သည် ။ မနိုးရျ်မဟုတ်ပါ သူ့၏အချိန်မှန်နှိုးစက်လေးဖြစ်သော ကိုကိုကလာမနှိုးသေးတာကြောင့် ပေတေအိပ်နေလိုက်တာဘဲဖြစ်၏ ။
ပြောရင်းဆိုရင်း ဖိနပ်သံတစ်ရှပ်ရှပ်ကြားရပြီမို့ ကိုကိုအခန်းထဲဝင်လာပြီဆိုတာသိလိုက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။ မျက်လုံးလေးမသိမသာဖွင့်ရင်းကြည့်မိတော့ ကိုကိုကသူ့ကိုခါးထောက်ကြည့်နေပြီး လိုက်ကာကိုသွားဖွင့်လိုက်တာကြောင့် ခြိန်းမျက်လုံးထဲစူးကနဲ ။
"ခြိန်း....ထတော့ နေမြင့်နေပြီ ငါမင်းကိုအလုပ်ပိတ်ရက်မို့လာမနှိုးတာကို မနှိုးမချင်းမင်းကထဖို့ စိတ်ကူးမရှိဘူးလား ''
"..........''
မင်းစစ်သိသည် ဒီကောင်စုတ်လေးကတော့ တမင်အိပ်ချင်ယောင်ဆောင်နေမှန်း ။ ဒါကိုသိသိရက်နဲ့ သူ့မှာလည်း မငြိုငြင်ရက်ပါ ချစ်ယောကျာ်းလေးဆိုးသမျှ မင်းစစ်တို့အမြဲအလိုလိုက်ဖို့ အသင့်ဘဲဖြစ်သည် ။ မင်းစစ်နှုတ်ခမ်းများ မသိမသာအပေါ်သို့ကော့တက်သွားပြီ ခြိန်းနဖူးပြင်အား နမ်းရှိုက်ရျ်.....
"မောင်.....ထတော့လို့ မောင်နဲ့မနက်စာစားချင်လို့ ကိုကို့မှာအကြာကြီးစောင့်နေတာ မောင်ကမထတော့ ကိုကိုကဗိုက်ဆာနေပြီ ကိုယ့်ကိုမသနားဘူးလား မောင်''
"ဒါကိုဘာလို့အစောကမပြောလဲ ကိုကိုရ ကိုယ့်ကိုအစောကြီးလာနှိုးလဲရရဲသားနဲ့ စောင့်နေသေးတယ်!''
"မောင်က ရုံးပိတ်ရက်ဘဲနားရတာလေ အဲ့တော့ငါက နားစေချင်လို့ပါ ''
"အဟင်း! အရမ်းတွေသိတတ်နေတယ်ပေါ့လေ''
"ဒါပေါ့! ငါကအခုမောင့်လုပ်စာထိုင်စားနေတာဘဲလေ ဒီလောက်တော့ သိတတ်ပေးရမှာပေါ့''
"ကိုကို......''
"ဘာလဲ....''
"ကိုယ်....ကိုကို့ကိုစိတ်မချဘူးကွာ''
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"