44

33.7K 1.6K 37
                                    

Unicode




"ကိုမင်းစစ် ရှင်က ကိုမင်းစစ်မလား''

"အမ်း?''

ပုန်းခိုးဝှက်ခိုးနှင့် သူခိုးချောင်းချောင်းနေတာတောင် မိသွားလိုက်သေးသည် ။ ကံဆိုးချက်ကတော့ မာန်ဝဏ္ဏခြိန်း၏ ရှေ့မှာမှ ကံဆိုးလှသည် ။ ဒီအရွယ်ကြီးမှ သူများနောက်လိုက်ချောင်းသည့်အမှုနှင့် ဂျေးအောင်းရတော့မည် ။

ခြိန်းနှင့်အတူပါလာသော အမျိုးသမီးက သူ့ကိုမြင်ပြီး လှမ်းမေးလာသည် ။ မမြင်ချင်ယောင်ဆောင်ကာ ပြေးရန်ပြင်လိုက်ပေမဲ့ ခြိန်းက သူ့အား အချဉ်ရုပ်ဖြင့်စိုက်ကြည့်လာသည် ။ ဒါမျိုးတော့ သိက္ခာအကျမခံနိုင်တာကြောင့် ရောယောင်လိုက်ရသည် ။

ထိုအမျိုးသမီးအား မင်းစစ်မြင်ဖူးသလိုလိုတော့ ရှိ၏ ။ အသက်ကြီးလာလို့များ မှတ်ဉာဏ်တွေမကောင်းတော့လေသလား အတော်နှင့် အဖြေရှာမရပေ ။

"ဟုတ်ပါတယ် ဒါနဲ့ အမိက?''

"ကိုမင်းစစ်ကျွန်မကို မမှတ်မိဘူးထင်တယ် ကျွန်မက နွေရည်ဖြိုးလေ မာန်အရင်က မိတ်ဆက်ပေးဖူးတဲ့တစ်ယောက်လေ''

တစ်ချိန်က ခြိန်းကိုယ်တိုင်မိတ်ဆက်ပေးဖူးသော သူမကို မင်းစစ်အခုမှ သတိထားမိတော့၏ ။ မင်းစစ်၏မျက်လုံးများက ခြိန်းလက်မောင်းထံ ချိတ်တွဲထားသော လက်တစ်စုံကိုသာ အာရုံပြုမိသည် ။ သူတို့က မောင်နှမတွေကော ဟုတ်ရဲ့လား အမြင်မကြည်ချင်စရာ ကောင်းလွန်း၏ ။

"မင်းစစ်! ခင်ဗျားဒီကို ဘာလာလုပ်တာလဲ မဟုတ်မှလွဲရော ကျုပ်ကိုလိုက်ချောင်းနေတာလား! "

"မဟုတ် မဟုတ်ပါဘူး ငါ့ဟာငါ ပစ္စည်းလာဝယ်တာ''

"သြော်.....ကလေး ပစ္စည်းပေါ့!''

"ဟုတ်တယ် လူကြုံမှာလိုက်လို့! "

"ဟက်! ထားပါတော့ မ,ကိုယ်တို့သားလေး မွေးနေ့ကို တစ်ခါထဲဖိတ်လိုက်ကြမလား''

"အော် ဟုတ်သားပဲ ကိုမင်းစစ် သပတ်ခါကျရင် ကျွန်မသားလေးရဲ့ နှစ်နှစ်ပြည့် မွေးနေ့လုပ်ပေးမလို့ အဲ့တာ ကိုမင်းစစ်လာဖြစ်အောင် လာရမယ်နော်''

"အင်း လာပါ့မယ်''

"ဟုတ်ကဲ့ပါရှင့် ''

"မ ကိုယ် သူနဲ့အလုပ်ကိစ္စသွားပြောလိုက်အုံးမယ် မ,ဝယ်ထားနှင့်လေ ကိုယ် ကားလွှတ်လိုက်မယ်''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now