Unicode
အရက်ရှိန်နဲ့ မှိန်နေတဲ့မင်းစစ်တစ်ယောက် အပြင်ကနေစိတ်ဓာတ်ကျပြီး ပြန်လာတဲ့စိုင်းအား ခေါင်းထောင်ကြည့်လိုက်သည် ။စိုင်းမှာ ပြေးလွှားထားတာကြောင့် ချွေးတွေနဲ့ရွှဲနစ်နေတော့သည် ။ စိတ်ပျက်စွာ သက်ပြင်းတွေပါ ရှိုက်နေတာကြောင့် မင်းစစ်ဟက်ကနဲ ရယ်မိပြန်သည် ။
"မြူလေးရော...စိုင်း ပြန်ပါမလာဘူးလား''
"အင်း...''
စိုင်းက အင်းပြန်ဖြေရုံသာရှိပြီး သူ့စီကအရက်ခွက်ကိုယူကာ တစ်ခါတည်း မော့ချပစ်လိုက်ရင်း ကျစ်စုတ်နေပြန်သည် ။
"စိုင်း....''
"အင်း ဘာလဲ''
"မင်းမြူလေးကို ချစ်နေတာမလား''
"ဘာကွ! မင်းရူးသွားပြီးလား မင်းစစ်! ငါကသူ့ကိုဘာကိစ္စကြိုက်ရမှာလဲ မုန်းတာဘဲ ရှိတယ် ''
"ဟွန်း! ဒါဆိုဘာလို့လိုက်သွားတာလဲစိုင်း မင်းရဲ့ချစ်သူက ဟန်ဓနရိုးနော် မြူဒေါင်းစိုင်းငယ် မဟုတ်ဘူး ''
"ငါသိတယ် ''
"ငါမင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သတိပေးမယ်စိုင်း လှေနံနှစ်ဖက်မနင်းနဲ့!''
"မင်းစစ်!!!''
စိုင်းက ဒေါသထွက်ကာ မင်းစစ်၏အိင်္ကျီကော်လံအား ဆွဲပြီး အော်ပစ်လိုက်သည်။ မင်းစစ်ကလည်း မာန်ကိုမလျော့ စိုင်းအားရဲထန်သောအကြည့်များနှင့် ပြန်ကြည့်သည်။
"ငါအတည်ပြောနေတာစိုင်း မင်းဒီလို မပြတ်မသားလုပ်နေပုံနဲ့ အကုန်လုံးခံစားရလိမ့်မယ်ကွ! မင်းလုပ်ရပ်ကြောင့် အပြစ်မရှိတဲ့ကလေးတွေရဲ့ နှလုံးသားကို အနာမပေးစမ်းနဲ့!''
"မင်းမြူဒေါင်းကိုချစ်နေတာ မင်းမဝန်ခံဘူး မင်းကိုယ်မင်းလိမ်ညာနေတာကိုရော မင်းသိရဲ့လားစိုင်း! မြူဒေါင်းက မင်းကိုချစ်နေတာလဲမင်းသိတယ် ဒါကိုမင်းက ဟန်ဓနရိုးရဲ့အချစ်ကိုပါ အသုံးချပစ်လိုက်သေးတယ် ''
"ငါက ညီ့ကိုဘဲချစ်တာ ငါမြူဒေါင်းကိုလုံးဝမချစ်ခဲ့ဘူးမင်းစစ် ငါကသူ့ကို မုန်းဘဲမုန်းတာကွ!!!''
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"