35

30K 1.4K 16
                                    

Unicode



1996ခုနစ်.......

ရှင်းနဲ့ကိုဟန်တို့စတွေ့ခဲ့တဲ့နေ့လေးက တက္ကသိုလ်ကျောင်းကြီးစဖွင့်တဲ့အချိန်ဘဲနော် ကိုဟန် ။ ရှင်းက ပထမနှစ်ကျောင်းသားဆိုတော့ ကိုဟန်တို့လို စီနီယာတွေကို ကြောက်ရတယ်လေ ။ နောက်ပြီး ကိုဟန်တို့အဖွဲ့က ကျောင်းရဲ့ဇိုးတွေတဲ့ ဝေးဝေးကတောင် ရှောင်ခိုင်းနေကြသေးတာ ဒါပေမဲ့ ရှင်းတို့ ထိပ်တိုက်တွေ့ခဲ့ကြတယ်နော် ။

ရှင်းတစ်ယောက် ကျောင်းတော်ကြီး၏ ရှေ့တည့်တည့်တွင်ရပ်လို့ သက်ပြင်းရှည်များ ရှိုက်နေမိသည် ။ ဒါသူ့ရဲ့ ပထမဆုံး ကျောင်းစတက်ရမဲ့နေ့လေးပင် ။ တက္ကသိုလ်ကျောင်းကြီးကို နောက်ဆုံးတော့ သူရောက်လာခဲ့ရပြီ ။

သူများတွေကတော့ အဖော်တွေနဲ့စကားတွေပြောကာကျောင်းသို့ ဝင်သွားကြပေမဲ့ သူ့မှာတော့ အဖော်မရှိ တစ်ယောက်ထဲသာ ။တစ်ယောက်ထဲ ကိုယ့်ဟာကိုယ်အားပေးလိုက်ပြီး ခြေလှမ်းပြင်ရာ လူတစ်ယောက်က ဝင်တိုက်တော့၏ ။

"ဒီမှာ့! မင်းလူတစ်ယောက်လုံးလာတာတောင် မမြင်ဘူးလားကွ ဟမ်!''

"ခ....ခင်ဗျာ...အကိုက ကျွန်တော်ကိုအရင်ဝင်တိုက်တာလေ''

"ဟ! ငါကငါ့ဘာသာငါ့လမ်း ငါလျှောက်နေတာလေ မင်းသာရှေ့မတိုးရင် တိုက်မိမှာမဟုတ်ဘူး''

"ဒါဆိုလဲ ကျွန်တော် တောင်းပန်ပါတယ်နော် အကို''

"ကျစ်! စိတ်ရှုပ်စရာတွေ ''

ထိုသို့ပြောပြီး ထွက်သွားသော လူအား ရှင်းသန့် မအူမလည်ဖြင့်သာ လိုက်ကြည့်နေမိသည် ။

"မင်းဘာကြည့်တာလဲ!''

"ဗျာ...မကြည့် မကြည့်ပါဘူး ''

"မင်းဘယ်တန်းကလဲ''

"ပထမနှစ်အတန်းကပါ''

"ဘယ်အခန်းလဲရော သိလား''

"ဟို Bခန်းကပါ''

"ငါနဲ့လိုက်ခဲ့ မင်းမသွားတတ်ဘူးမလား ငါလိုက်ပြမယ်''

"ဟုတ် အကို''

စတွေ့ကတည်းက အချိုးပြေအောင်မပြောတတ်တဲ့အကိုက ရှင်းရဲ့ပထမဆုံး သူငယ်ချင်း ဖြစ်လာတာပါဘဲ ။ ရှင်းဘဝမှာ သူငယ်ချင်းဆိုလို့ ညီမလေး မိုးထိပ်ထားစံကလွဲရင် အကိုဘဲရှိဖူးတယ် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now