Unicode
ဒီနေ့အလုပ်မသွားရတာမို့ အိမ်ထဲမှာနေပြီး သတင်းစာဖတ်နေတုန်း အိမ်ထဲကို လေတစ်ချွန်ချွန်ဖြင့် ဝင်လာသောသားဖြစ်သူကြောင့် ဦးဟန်စိုးထွဋ် မျက်ခုံးပင့်လိုက်မိသည် ။ အပြင်ကပြန်လာတာ ဘာတွေများပျော်စရာတွေ့ခဲ့လို့ပါလိမ့် ။ လက်ထဲက သတင်းစာကို ဘေးနားချထားလိုက်ကာ သူ့၏သားအား လှမ်းခေါ်လိုက်သည် ။
"သား...."
"ဗျာ .... daddy "
"ငါ့သား ဦးလေးစီသွားတာ မင်းဦးလေးက ကျွေးလိုက်လို့လဲ"
"ဘာဖြစ်လို့လဲ daddyရ "
ဟန်ဓနရိုးက သူ့daddyနားတွင် ဝင်ထိုင်ပြီး daddy၏ မေးခွန်းအားပြန်အမေးထုတ်မိသည် ။
"မသိဘူးပါကွာ ဒီနေ့daddyသားက အူမြူးနေသလားလို့"
"ဟာ.... daddy ကလဲဗျာ သားကဘာများလဲလို့"
"အဟမ်း! သားရည်းစားရနေတာတော့ မဟုတ်ဘူးမလား ဘယ်အိမ်တော်က သမီးလေးလဲ"
"မရသေးပါဘူး daddyကလဲ "
"Daddyလဲ မြေးချီချင်လှပြီ"
သူပြောမှ သားကခေါင်းငုံ့ကာ စိတ်မကောင်းဖြစ်သွားဟန် ရှိသည် ။ သူဘာမှ စကားအမှားပါသွားလို့များ သားကဒီလိုဖြစ်သွားရတာပါလိမ့် ။
" daddy သားက ဟို....."
"ပြောလေသား daddyကိုဘယ်ချိန်တုန်းကများ ပြောဖို့တွန့်ဆုံ့ခဲ့ဖူးလို့လဲ"
"သားချစ်နေတဲ့သူက ဟို..... မိန်း မိန်းကလေးတစ်ယောက် မဟုတ်ပါဘူး daddy "
"ဒါဆို.... ယောက်ျားလေး တစ်ယောက်ပေါ့"
"........."
"အဲ့တော့ရော ဘာဖြစ်လဲသား "
"ဗျာ....."
"အဓိကက အချစ်တစ်ခုဖြစ်နေဖို့ဘဲလေ အချစ်မှာ အဖြူအမဲမရှိသလို မိန်းမ ယောက်ျား လိင်ခွဲခြားနေစရာ လိုလို့လား "
"Daddy...... "
သူအား အပြည့်အဝနားလည်ပေးသည့် daddy ကြောင့် သူငိုချင်မိသည်။ သူအများကြီး မမျှော့်လင့်ခဲ့ပါဘူး ။ daddyသာ ခွင့်မပြုခဲ့ရင် သူ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ဖြစ်ဖို့အထိ သူကြိုးစားထားပြီးသားပါ ။ ကျေးဇူးရှင်အပေါ် ကျေးဇူးကန်းစေမည့်အလုပ်မျိုး ဟန်ဓနရိုးဆိုတဲ့သူက ဘယ်တော့မှ လုပ်မှာမဟုတ် ။ နောက်ဆုံးသူ့နှလုံးသားရေးရာ ဖြစ်နေခဲ့ရင်တောင်မှပေ ။
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"