Unicode
ဖြိုးကျော်သူတစ်ယောက် သူ့အလုပ်ရှင်၏ ဂနာမငြိမ်ဖြစ်ပျက်နေမှုကြီးကြောင့် ခေါင်းကိုသာခါယမ်းနေမိသည် ။ အခုလည်းဖုန်းသုံးလုံးလောက် ပစ်ပေါက်ဖျက်စီးပြီးသွားနေပြီပင် ။ သူဌေးတွေက တန်းဖိုးကြီးပစ္စည်းတွေကိုတောင် တန်းဖိုးမထားတတ်ကြတော့ လွယ်လွန်းနေသည့်ဘဝမို့ အလွယ်လေးသာဖန်တီးနိုင်ကြသည် ။
တစ်စုံတစ်ယောက်ကို ဖုန်းအသဲအသန်ခေါ်နေပေမဲ့ တစ်ဖက်က လူကြီးမင်း၏နှင့်သာညားနေတာကြောင့် မင်းစစ်ဒေါသတွေ ဖြစ်နေရသည် ။ မနေ့ညတည်းက ဖုန်းခေါ်နေတာကို မကိုင်ဘဲ နေနေသည် ။ သူ့ဘက်ကမှားသွားတာ မှန်ပေမဲ့ အဲ့လောက်ထိပစ်ထားဖို့ လိုလို့လား ။
"ကိုဖြိုး နောက်တစ်လုံးယူခဲ့ "
"ဟုတ်ကဲ့ boss "
အပြင်ကနေ သူဌေး၏အကြောင်းအားသိနေသော ဝန်ထမ်းမလေးများက ဖုန်းအလုံးအရေနဲ့ အသင့်စောင့်နေကြသည် ။ နောက်ဆုံးပေါ် iphone တစ်လုံးကို သူဌေးထံထည့်ပေးလိုက်ပြီး ပြန်ထွက်သွားကြသည် ။ ဖြိုးကျော်သူတစ်ယောက်သာ သူဌေးနဲ့အတူ ကျန်နေခဲ့ရ၏ ။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ....."
"ဟာကွာ -ီးလိုဘဲ! "
"မာန်ဝဏ္ဏခြိန်း မင်းငါ့ကိုရူးစေချင်လို့လားကွာ ဟူး....! "
.........................
"ခြိန်း ဒီလောက်ဖုန်းတွေခေါ်နေတာ ကိုမင်းစစ်သနားပါတယ်ကွာ ကိုင်လိုက်ပါ "
"ငါ့မှာ သူနဲ့အလုပ်မရှိသေးဘူး ငါအစောကြီးထဲက ပြောခဲ့ပြီးသား အလုပ်မရှိရင်ဖုန်းမဆက်ဖို့ "
"မအေဘေး ဒါဆိုလဲဖုန်းစက်ပိတ်လိုက်ပါလားဟ! အလကားနေတစ်ဂွမ်ဂွမ်နဲ့ နားညီးတယ်ဟ "
"နားညီးရင် တစ်ခြားသွားနေလေ ခွေးသား"
"ငါလုပ်လိုက်ရင် သေအုံးမယ် "
ပါးစပ်ကသာပြောရဲတာပါ မာန်ဝဏ္ဏခြိန်းကိုလက်ညိုးနဲ့တောင်သွားမထိရဲ ဟိုကသူ့လက်သီးဆုပ်ကြီးနဲ့ပြန်ထိုးလွတ်လိုက်ရင် သူရဘဝလေး ဆန်ပြုတ်နဲ့ညားရချည်ရဲ့ ။ ဒီကောင်တွေရန်ဖြစ်လိုက်တိုင်းကြားကလူတွေမှာ နေစရာဘုံပျောက်တော့သည် ။
BINABASA MO ANG
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"