Unicode
မြူဒေါင်းရဲ့ မီးတောက်သဏ္ဍာန် အကြည့်တွေက စိုင်းကို မှင်သက်အံ့သြသွားစေရန် အလုံအလောက်ဖြစ်နေသည် ။ နှင်းတောင်တွေလို အေးခဲစေတဲ့ အကြည့် ၊ မီးတောက်လို နီရဲတောက်လောင်နေတဲ့ အကြည့် ထိုအကြည့်တွေက စိုင်း၏ နှလုံးသားချိုင့်ဝှမ်းတစ်ခုလုံးကို ပူလိုက်အေးလိုက်နဲ့ ခံစားချက်နှစ်ခုအား ထိရောက်စွာ ပေးလေသည် ။
မြောက်တက်နေသော လက်တစ်ဖက်မှာ ထိုအကြည့်ကပေးတဲ့ ခံစားချက်တွေကြောင့် လေထဲမှာသာ ရပ်တန့်နေခဲ့သည် ။ စကားလုံးတွေနဲ့ အမျိုးမျိုး နာအောင်ပြောခဲ့ဖူးသော်လည်း ဒီလိုမျိုးတော့ လက်မပါဖူးခဲ့ပါ ။ စိတ်မထိန်းနိုင်ဖြစ်ခဲ့တဲ့ မနာလိုစိတ်တွေနဲ့ ဒေါသတို့ ရောထွေးကာ လက်ပါသွားခဲ့မိသည် ။
"မြူဒေါင်းငယ်! မင်းက ငါ့ရဲ့အုပ်ထိန်းမှုအောက်မှာ နေနေတာကိုလဲ မင်းမမေ့နဲ့!''
ပြိုကျလာသည့် မိုးပမာ မြူဒေါင်း၏ မျက်အိမ်ပေါ်မှာလည်း မျက်ရည်စက်လေးများ တစ်စက်စီ ပြိုကျနေတော့သည် ။
အချစ်က လူတွေကို ပျော်ရွှင်စေပါသတဲ့ ၊ မြူဒေါင်းအတွက်တော့ အချစ်ဟာ ပူလောင်ခြင်းသက်သက်ပါ ကိုကို.....
ငြိမ်သက်နေတဲ့ နှစ်ယောက်မှာ ဖုန်းမြည်သံကြောင့် ဟန်ပျက်သွားကြသည် ။ ဖုန်းခေါ်သူဟာ စိုင်း၏ မီးတောက်အစိုင်အခဲတစ်ခုကို ရေလောင်ခံလိုက်ရသလို ငြိမ်အေးသွားစေသည် ။
"ညီ
ပြုံးမိတဲ့ နှုတ်ခမ်းပါးကို ဟန်မပျက်ထိန်းလိုက်ပြီး မြူဒေါင်းကို တစ်ချက်ကြည့်လို့ ခြံထဲသို့ ဆင်းလာလိုက်ကာ ဖုန်းcallလေးကို ဖြေကြားလိုက်၏ ။
"ဟယ်လို....ညီ''
"ကျွန်တော် ဖုန်းဆက်မိလို့ အကိုအနှောက်အယှက်မဖြစ်လောက်ဖူးမလား အကို''
"အင်း မဖြစ်ပါဘူး ညီရဲ့ ဒါနဲ့အကို့စီ ဖုန်းဆက်တာ ကိစ္စရှိလို့လား ''
"ဟိုလေ အကိုအားရင် ကျွန်တော်အကိုနဲ့ တွေ့ချင်လို့ ရမလား မေးကြည့်မလို့ပါ''
"ညီတွေ့ချင်ရင်တော့ အကိုက အားပေးရမှာပေါ့ညီရာ နောက်ပြီး အကို့မှာ အလုပ်ဆိုလို့ ၁၀၉ ၊ ၁၁၀ အလုပ်ဘဲရှိတာပါ''
YOU ARE READING
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"