36

28.1K 1.3K 23
                                    

Unicode



နှစ်ဦးကြားရှိ အကွာအဝေးက ရုတ်တရက်ကြီး ဝေးကွာလာသလို ကိုရှင်း ခြေလှမ်းလှမ်းလာလိုက်တိုင်း မိုးနောက်တစ်လှမ်းဆုတ်မိသည် ။ ကိုရှင်းဟာ မိုးကို အံ့သြနေသော မျက်ဝန်းတို့နှင့် ကြည့်လာပြန်သည် ။

"မိုးဘယ်လို ပြောလိုက်တယ် ချစ်ရသူ ဟုတ်လား? မိုးကဘယ်ချိန်တုန်းက ချစ်သူရှိသွားတာလဲ ကိုရှင်းကိုလဲ ဘာမှမပြောပြဘူး''

"ညီမဘက်က တစ်ဖက်သတ်ချစ်နေရသူပါ ကိုရှင်း ၊ မိုးကမိန်းကလေးတစ်ယောက် ဖြစ်နေတော့ ကိုယ်ချစ်နေတာကိုတောင် ထုတ်မပြောရဲတဲ့ အဖြစ်ပါ''

"မိုးချစ်နေတဲ့က ဘယ်သူလဲ ကိုရှင်းကိုပြောလေ လူကောင်းတစ်ယောက်သာဆို ကိုရှင်းက မိုးနဲ့အဆင်ပြေအောင် ကူညီပေးမယ်''

"အဟား.....သူက သူက ပိုင်ရှင်ရှိနေပြီထင်တယ် ကိုရှင်းရ ညီမကိုလဲ သူကလေ ညီမလေးတစ်ယောက်လိုဘဲ သဘောထားတာ ကိုရှင်းရဲ့!''

"ဟင်းးး ဒါဆိုဘာလို့များ ကိုယ့်ကိုမချစ်နိုင်တဲ့ လူတစ်ယောက်အတွက်နဲ့ ဒီလိုတွေ ပြောင်းလဲချင်နေရတာလဲ မိုးရယ်''

သက်ပြင်းရှည်ချပြီး စိတ်မကောင်းဟန် ပြောလာတဲ့ ကိုရှင်းက မိမိကိုသနားနေပုံရ၏ ။ ဒီလို သနားစရာဖြစ်အောင် လုပ်နေသူကလည်း ကိုရှင်းကိုယ်တိုင်ဖြစ်နေသည်လေ ။

"ကိုရှင်း.....''

"ပြောလေ မိုးရ''

"ကိုရှင်း ချစ်တတ်နေပြီလားဟင်''

မှန်ကန်ကြောင်းသက်သေက နီရဲလာတဲ့ ပါးမို့မို့လေးတွေနှင့် နားအဖျားလေးများ ။ တကယ် ချစ်တတ်သွားပြီဘဲ သူမရင်တွေ နာလှသည် ။ ရုတ်တရက် မိမိ၏ ခန္ဓာကိုယ်မှာ အမြင့်မှပြုတ်ကျလာသလိုမျိုး နှလုံးသားထဲ လေတွေတိုးဝှေ့ အေးစက်လာသည် ။ မမြင်ရက်နိုင်စွာ မျက်နှာလွှဲရ၏ ။

"ကိုရှင်း တကယ်ကြီး ချစ်သူရနေပြီလား''

"ကိုရှင်း ပြောပြချင်ပေမဲ့ ပြောပြလိုက်ရင် မိုးက ကိုရှင်းကို ရွံသွားမလားမသိဘူး''

"ဘာလဲ ကိုရှင်းက ယောက်ျားချင်းတွဲနေတာမို့လို့လား''

"ဟင်....?''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now