Unicode
အခုဆို ခြိန်းနဲ့ သူရန်ဖြစ်ပြီး စကားမပြောဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။ သုံးရက်နဲ့ သုံးညရှိပြီမို့ မင်းစစ်တစ်ယောက် ဂနာမငြိမ်ဖြစ်နေရသည်။ သူကနေနိုင်လွန်းပေမဲ့ မင်းစစ်ကတော့ မနေနိုင်ပါ။
ချစ်ရသူစီက ဥပက္ခာတရားတွေကို ခံနေမဲ့အစား ခြိန်းရဲ့ ရင်ခွင်အောက်မှာသာ နာနာကျင်ကျင်နဲ့ ညည်းညူးပစ်လိုက်တာမှ သူအတွက် နေရသက်သာပေလိမ့်မည်။ အခုတော့ ဘာမဟုတ်တဲ့ ကိစ္စနဲ့အပြိုင်စိတ်ကောက်နေကြရသည်။ သောက်ကလေးကလဲ သူ့ကိုဆို အရမ်းနိုင်စားလွန်းနေပြီ။
နေထားအုံးပေါ့ စောက်ကလေးလေးရယ် နောက်မဆိုးရဲအောင် အပြစ်ကြီးကြီးပေးထားရမယ်။ အခုတော့ သူ့ဘက်ကဘဲ အရင်ဦးအောင် ချော့ရတော့မည်လေ။
ဝယ်လာတဲ့ ပူတင်းဘူးလေးနဲ့ အတူ လက်ရှိ မာန်ဝဏ္ဏခြိန်းရဲ့ ကွန်ဒိုရှေ့ရောက်နေရသည်။ ဘဲလ်ကို အခါခါတီးနေပေမဲ့ တုန့်ပြန်မှုက ဘာမှမထူးခြား ။ ဒါကြောင့် ပါလာတဲ့ သော့အပိုနဲ့ တံခါးဖွင့်ဝင်လာရသည်။ သောက်ကလေးက ဘာတွေများ လုပ်နေလို့ အသံမကြားရတာပါလိမ့်။ ရေများချိုးနေလို့လားလို့ အတွေးဆိုးလေးနဲ့အတူ မင်းစစ်လျှာသပ်လိုက်မိသည်။
"ဟာ...မာန် မလုပ်နဲ့လို့"
သို့သော် ကြားလိုက်ရတဲ့ မိန်းမသံကြောင့် မင်းစစ်ရင်ထဲ ဘလောင်းဆူးသွားရ၏။ လက်ထဲက မုန့်ဗူးလေးမှာလဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဒေါသက ငယ်ထိပ်ကို ရောက်လွန်းလို့ပေါက်တောင်ထွက်နိုင်လိမ့်မည်။ မင်းစစ်ဘက်က ခြိန်းအပေါ် ကျန်တာကိုသာ လိုက်လျောပေးနိုင်လိမ့်မယ် ။ ဒီလိုကိစ္စတော့ လုံဝလက်မခံနိုင်ပါ။ ခြိန်းက သူကလဲ တစ်ခြားသူကိုထိခွင့်မရှိရဘူး။ ထိလာရဲရင်လည်း အကုန် မင်းစစ်ဘက်က ရှင်းထုတ်ပစ်မှာပေ။ မင်းစစ် အတ္တကြီးတယ်လို့ ဆိုရမလား ။
"ခြိန်း!"
"မင်းစစ်! ခင်ဗျား ဘယ်လိုလုပ် "
"ခုနက စောက်ကောင်မက ဘယ်မှာလဲ အခုငါ့ရှေ့ ထွက်ခဲ့!"
"ခင်ဗျား, ဘာတွေပြောနေတာလဲ မင်းစစ် ဘာကောင်မလဲ"
"ခုန.... ငါကြားလိုက်တယ် ငါ့ကို ဗြောင်မလိမ်နဲ့! "
BINABASA MO ANG
𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete)
Romance"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ"