စည်းတစ်ခု
"မေမေရယ် သမီးကလေးတဲ့လား အပြောနဲ့တင်ပျော်နေပါပြီမေမေရယ်။ ပြီးတော့ ဒီနေ့မေသူကိုလည်း ငါဘာတွေပြောနေပါလိမ့် အာတွေးရင်းရှက်လိုက်တာကွာ(ခေါင်းတွေရမ်းပလိုက်သည်။)
"ငါလုပ်စရာတွေရှိတာလုပ်ရမယ် ဒီလိုတွေးနေရမယ့်ချိန်မဟုတ်သေးဘူး။ တကယ်လို့များ ကံကြမ္မာကမျက်နှာသာပေးခဲ့ရင် ကလေးလေးကို ပြုစုပျိုးထောင်ပေးရမယ် ခုကတည်းက ရသလောက်၊စုမိသလောက်စုထားရမယ်"လို့ဆရာမသူတစ်ယောက်ထဲ ကိုယ့်ဘာသာစကားတွေပြောနေသည်။
"သမီးရေတစ်ယောက်ထဲဘာတွေပြောနေတာလဲ"
္"သြော် မေမေရောက်နေတာလား၊ ဘာမှမပြောပါဘူး လုပ်စရာအလုပ်တွေရှိတာ လုပ်ရမယ်လို့ ပြီးတော့ ကြိုးစားရမယ်လို့ ကိုယ့်ဘာသာပြောနေတာပါမေမေရဲ့"
"အေးပါသမီးတပည့်တွေထဲမှာဘယ်သူ့ကိုမှအိမ်ခေါ်မလာဘူးပါဘူး ဒါပထမဆုံးပဲနော်"
"ဟုတ်တယ်မေမေ ကလေးလေးကသူ့မှာအမေမရှိတော့ဘူး ကလေးလေးငယ်ကတည်းကဆုံးသွားတာ ပြောရရင်မေမေရယ် မိခင်မေတ္တာငတ်တဲ့သဘောပေါ့ သမီးလည်း ကလေးလေးကိုမြင်ကတည်းကခင်တွယ်ချစ်ခဲ့တာပါ ချစ်စရာလေးလှလည်းလှလို့"
"သနားစရာပါလားသမီးရဲ့ကလေးက အာ့ဆိုသမီးကပိုဂရုစိုက်ပေးရမှာနော်"
"ဟုတ်ကဲ့ပါမေမေသမီးကလေးကိုအခုထပ်ပိုဂရုစိုက်ပါတယ် ဒါဆိုသမီးကျောင်းကိစ္စလေးလုပ်စရာရှိလို့ လုပ်လိုက်အုံးမယ်နော်"
"လုပ်လုပ်သမီးဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်ရအောင်လို့ သမီးကိုအားပေးတယ်၊အချိန်တော့မလွန်စေနဲ့နော် ညနေစာအချိန်မှန်စားရမယ်"
"ဟုတ်ကဲ့ပါမေမေ ညနေသမီးပဲအောက်ဆင်းလာပြီး မီးဖိုခန်းသမီးပဲဝင်လိုက်တော့မယ် မေမေနားနားနေနေနေပါ"
"မဝင်စဖူးခုမှ အေးပါသမီးဝင်ချင်ဝင်လေ ကိုယ်တိုင်လုပ်တော့ပိုကောင်းတာပေါ့"
"ဟုတ်မေမေ"ဆိုပြီး ကြိုးစားရမယ် သူသူထွေးရေ ရေရွတ်ပြီး ကျောင်းကိစ္စလုပ်တော့သည်။
ညရောက်တော့ ဆရာမသူလည်း သူ့ကလေးလေးကို မသိစိတ်ကသတိရနေသည်ပေါ့။
![](https://img.wattpad.com/cover/295877629-288-k387538.jpg)
ESTÁS LEYENDO
စည်းတစ်ခု💐💖(Ongoing)
Romance"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈