Part-10(Unicode)🌸💖

1K 56 7
                                    

စည်းတစ်ခု

ဆရာမထွေးနဲ့လေပြေ နှစ်ယောက်သားအတူတူ ေလပြေအိမ်ထွက်လာခဲ့ကြသည်။

"ကလေးလေးအဝတ်စားမြန်မြန်လဲနော် သနပ်ခါးလေးလိမ်းပြီး ပါးကွက်လေးကွက်ခဲ့ ပြီးတော့ထွေးပေးတဲ့ကလစ်လေးပါလား"

"ပါတယ် အဲ့တာရော ထွေးပြောတဲ့အတိုင်းအကုန်လုပ်ခဲ့မယ်နော် ဟုတ်ပြီလား"

လိမ်မာလိုက်တာ ကလေးလေးရယ် ပိုပိုပြီးချစ်စရာကောင်းအောင်လုပ်ပြနေတာနော်။

"ပြီးပြီသွားရအောင်"

"အယ်လှလိုက်တာ ဘယ်သူ့ကလေးလေးလဲကွယ်"

"သိပါဘူး ဒေါ်သူသူထွေးရဲ့ကလေးလေးလို့ပြောကြတာပါပဲ"

"စမနေနဲ့လာကျောင်းနောက်ကြလိမ့်မယ် သွားရအောင်ဆိုနေ"

"လာပါလာပါ ဒီလောက်တောင်ကျောင်းကိုသွားချင်နေတာ ကဲတက်"

နှစ်ယောက်သားပြောပြောဆိုဆိုနဲ့ ကျောင်းသို့ထွက်လာခဲ့သည်။

ကျောင်းသို့အရောက် တစ်ခြားဆရာ/ဆရာမများနှင့် ကျောင်းသူ/ကေ ျာင်းသားများကပါမကျန် ကလေးငယ်တန်းများကပါ ငေးကြည့်လောက်အောင်ကို နှစ်ယောက်သားပျော်ရွှင်စွာ ​စကားတွေပြောပြီး ကျောင်းဝန်းထဲသို့ ဝင်လာခဲ့သည်။

"ဝေး သူသူရေ အမလေးနော် ဒို့ခေါ်နေတာမမြင်လောက်အောင် ဒီနှစ်ယောက်ဘာတွေများပြောပြီး ပြုံးနေကြသလဲကွ"

"မဟုတ်ရပါမေသူရယ် ပြောတော့ပြောပါတယ် မပြုံးမိပါဘူးကွ"

"ပြုံးတယ်ဆိုတာ ကိုယ်ကိုတိုင်ကမသိဘူး ဘေးကလူပြောပြမှသိရတာပါကွ သူသူရဲ့ တစ်ခါတည်းသိအောင်ပြောလိုက်ပါတော့မယ် သူသူရဲ့ကလေးလေးနဲ့ ခုလိုတွေစကားပြောသွားသွားလာလာ လုပ်နေရတော့ သူ့အလိုလိုပြုံးပျော်မိလာတာလေ ဒါတောင်မသိဘူးလားသူသူရယ်"
(ဆရာမမေသူချိုမှ ပြောလိုက်သည်။)

ဆရာမမေသူမှအဲ့လိုလဲပြောလိုက်ရော လေပြေမသိသလိုဟန်ဆောင်ကာ ရှက်သွေးဖြာပြီး ထွက်သွားသည်။

"ဟောတော် သူသူကလေးကတော့ ဒို့ပြောလိုက်လို့ ရှက်သွားတယ်ထင်တယ်ဝေ့ ဟိဟိ"

စည်းတစ်ခု💐💖(Ongoing)Where stories live. Discover now