Part-29(Unicode)🌸💖

2.1K 63 27
                                    

စည်းတစ်ခု

ထား - "ဟုတ်ပါပြီ  ချစ်စုအဆင်ပြေတဲ့ချိန်ပေါ့။ထားနားလည်ပါတယ်။ဂွတ်နိုက်ချစ်စု။"

လေပြေတစ်ယောက်တော့  အိပ်မပျော်တဲ့ညတစ်ညပေါ့။ဘာဆက်လုပ်ရမယ်  အတွေးပေါင်းများစွာဖြင့်....။

မနက်ရောက်တော့  လေပြေစောစောထ ကားဂိတ်သွားပြီး  ပြင်ဦးလွင်သွားမည့်  ကားလက်မှတ်ဖြတ်လိုက်သည်။

တစ်ဖက်တွင်လည်း....
ထားတစ်ယောက်  လေပြေကိုသတိရမိသည်။အရင်ကဆို  မနက်တိုင်းကျောင်းသွားဖို့  လေပြေကနိူးလေ့ရှိသည်။ဘယ်သွားသွား၊ ဘယ်လာလာ  လေပြေနဲ့အတူတူနှစ်ယောက်  တစ်ပူးပူးတစ်တွဲတွဲသွားသောကြောင့်  ထားမှာလေပြေကို  သတိရနေလေသည်။လေပြေမရှိတော့  ထားမယ်  တစ်ယောက်ထဲယောင်လည်လည်ဖြစ်နေတော့သည်။

ကျောင်းရောက်တော့  ဆရာမထွေး  ထားတစ်ယောက်ထဲကိုပဲ  တွေ့မိသည်။ဆရာမထွေး  ထားကိုမေးချင်ပေမယ့်လည်း  အရာရာထောက်ထားမိနေသောကြောင့်  မေးရမယ့်မေးခွန်းတွေ  မမေးမိတော့ပေ..........။

ထား - "ဆရာမကြီး  ေသွး...."ပြောစရှိသေးတယ်။
ဆရာမထွေးမှ  စကားလမ်းကြောင်းပြောင်းလိုက်သည်။

ဆရာမထွေး - "အေးသမီး  ခွင့်လား။ဟုတ်ပြီနော်  ဆရာမကြီး ကလေးးးး(sry)သူ့ကိုခွင့်ရေးထားလိုက်မယ်။လုပ်စရာလေးလည်းရှိသေးလို့  ဆရာမကြီးအရင်သွားနှင့်မယ်နော်...."ပြောပြီး  အရင်ထွက်သွားပေမယ့်လည်း  ထား  ပြောမည့်စကားတွေကိုသိချင်နေသည်။

ထား  ပြောပြချင်ပေမယ့်  ဆရာမထွေးမှာ  အမျိုးမျိုးစကားလမ်းကြောင်းပြောင်းလို့ပြောင်း၊ တစ်ခုခုကိုအကြောင်းပြပြီး  အမြဲရှောင်နေလေသည်။

ထား - "ချစ်စုရယ်  ထားလေ  ချစ်စုအကြောင်းကိုဆရာမကြီးကိုပြောပြချင်လိုက်တာအရမ်းပဲ။ဒါမဲ့  ပြောရမယ့်အကြောင်းကဖန်မလားဘူးဖြစ်နေတယ်။ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ  ချစ်တဲ့သူနှစ်ယောက်လုံးတွက်  ထားတကယ်စိတ်မကောင်းဖြစ်ရတယ်။" တိုးတိုးလေးရေရွတ်မိသည်။

လေပြေ - "အင်...း။အချိန်တစ်ခုတော့  ယူရအုံးမှာပေါ့လေ။ခုမှအစရှိသေးတာ  မေ့နိုင်မှာပါလေ။ မဟုတ်ဘူး  ချစ်စုလေပြေသွေး  မေ့ကိုမေ့နိုင်ရမယ်။မမေ့နိုင်စရာအကြောင်းမရှိဘူး။" တစ်ယောက်ထဲကိုယ့်ဘာသာအားပေးနေမိသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jun 18, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

စည်းတစ်ခု💐💖(Ongoing)Tempat cerita menjadi hidup. Temukan sekarang