Part-28(Unicode)🌸💖

1.4K 65 24
                                        

စည်းတစ်ခု

ဆရာမထွေး - "ဘယ်သူ့ကိုလိုက်ရှာပြီး ဘာတွေပြောနေကြတုန်းကွဲ့"

ထား - "ဟိုလေ........  ဟို........"

ဆရာမထွေး - "ဘာတွေ ဟိုနေတာတုန်း  စကားကရှေ့မဆက်တော့ဘူး။ပြောလို့မရတဲ့စကားမလို့လားကွယ်။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဘာတွေစဥ်းစားနေကြတာလဲ"

ထား - "မဟုတ်ပါဘူး  ဆရာမကြီးရယ်....။ပြောရ၊မပြောရ စဥ်းစားနေတာပါ"

ဆရာမထွေး - "ထားပြောလို့အဆင်မပြေ  သက်ထားပြောလေ။ဒါမဲ့ လုံးဝအဆင်မပြေမပြောနဲ့ပေါ့ကွယ်။တို့အတင်းမပြောခိုင်းပါဘူး"

ဆရာမသက်ထား - "နောက်ကြရင် ဆရာမကြီးကိုပြောပြပါ့မယ်။ခုက အဆင်မပြေတာထပ် ပိုနေလို့ အာ့ကြောင့်ပါ။"

ဆရာမထွေး - "အေးပါကွယ်။ဒါဆိုလည်း ပြန်ပြီနော် ဝင်စရာလေးရှိသေးလို့။"

ဆရာမသက်ထား/ထား - "ဟုတ်ကဲ့ဆရာမကြီး ဂရုစိုက်ပြန်ပါရှင့်" ပြောပြီးတဲ့ခါ ဆရာမထွေးလည်း အိမ်သို့ပြန်လာခဲ့ပေမဲ့ စိတ်ထဲကတော့ လေပြေဆီရောက်နေသည်။

ဆရာမထွေးလည်း စိတ်ရောက်နေတဲ့ လေပြေဆီ ဖုန်းဆက်မယ်ဆိုပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။သို့ပေမယ့် ဖုန်းကိုင်ပြီး ဖုန်းနံပါတ်လည်းရိုက်ပြီးတဲ့ခါကြမှ အတွေးကဝင်လာပြန်ပါလေရော....။

"အင်....း ငါဖုန်းဆက်လိုက်လို့ ဖြစ်ပါ့မလား။အို....  ငါကလူကြီးပဲ  ဘာကိစ္စနဲ့  ငါ့ဘက်ကအရင်ဆက်သွယ်ရမှာလဲ။" တစ်ယောက်ထဲ ပြောပြီး လေပြေ ဖုန်းနံပါတ်ဖျက်လိုက်ပြီး  ဆရာမမေသူချိုဆီပဲ  ဖုန်းဆက်လိုက်တော့သည်။

ဆရာမထွေး - "ဟယ်လို  မေသူရေ"

ဆရာမမေသူ - "မသူ ဖုန်းတောင်မဆက်တာကြာပြီနော်။အဆင်ပြေနေကြတာမလို့  ဟောဒီက မေသူချို ကို များ ဖုန်းဆက်ဖို့မေ့နေကြသလားလို့  တွေးနေတာနော်"

ဆရာမထွေး - "မဟုတ်ရပါဘူးမေသူရယ်  ကျောင်းပြောင်းတာဝန်ကျတာဆိုတော့  အလုပ်ရှုပ်နေလို့ပါကွ"

ဆရာမမေသူ - "ထားပါ  ထားပါတော့လေ။ဒါနဲ့ မသူ မေးမလို့"

ဆရာမထွေး - "ေမးလေ မေသူ  ဘာမေးမလို့လဲ"

စည်းတစ်ခု💐💖(Ongoing)Donde viven las historias. Descúbrelo ahora