စည်းတစ်ခု
လေပြေတစ်ယောက် အပြုံးများဖြင့်ပြန်လာသည်ကိုမြင်သော ထား
ထား - "ဘာတွေပျော်လားတာလဲဝေ့သွေး ပျော်စရာလား"
လေပြေ - "အွမ်း ဟုတ်တယ် ပျော်စရာကိစ္စ ထား ဒါတကယ်လား၊အိမ်မက်လားဟင် အိမ်မက်ဆိုမတွေးရဲဘူး"
ထား - "ဘာကိစ္စမလို့ အိမ်မက်လို့ထင်နေတာလဲ"
လေပြေ - "မထင်မှတ်ထားတဲ့ စကားတွေလည်းကြားခဲ့ရလို့ပါထားရယ် အမလေး ပြန်တွေးရင်္ ခုထိရင်ခုန်တုန်းပဲ"
ထားမှ လေပြေကုတင်ဘက်ကူးလာခဲ့သည်။သိချင်စောဖြင့် ထိုင်ခုံနဲ့တောင် ခလုတ်တိုက်သည်။
လေပြေ - "ဟယ် ထားဘယ်လိုတွေတောင်ဖြစ် ဖြေးဖြေးပေါ့ မပြောမှာကြလို့ တကယ်ထဲ အရမ်းပဲ နာမည်ပေးထားရမယ် ထိပ်ထားထားမောင် မဟုတ်ပဲ မယ်စပ်စု ဆိုပြီး နာမည်ပြောင်းပေးရမယ်"
ထား - "သွေးနော် နာရတဲ့ထဲ မပြောင်နဲ့ ပြောမှာသာပြောစမ်းပါ ဒီမှာအရမ်းသိချင်နေပြီ"
လေပြေ - "သူလေပြေကို ချစ်တယ်တဲ့ ပြောတယ် အာမသိဘူးရှက်တယ်" ဆိုပြီး ထားလက်မောင်းကို တစ်ဘုန်းဘုန်းရိုက်နေသည်။
ထား - "ဟိုကကျောင်းအုပ်ဆရာမကြီးအပျိုကြီးဖြစ်တဲ့သူရှက်ပါစေအုံး ပြီးတော့ ငါ့ကိုရိုက်တာရပ်တော့ နာနေပြီ မပြောချင် မိန်းမရည်းစားမထားဘူးတာမှန်း သိသာတာ"
လေပြေ - "အမယ် ရှင်ကရော ထားဘူးလားပြော မသိချင်ဘူး ဒီနေ့အရမ်းပျော်တာပဲသိတယ် သိတယ် မေ့လို့မရတဲ့နေ့ထဲမှာတောင်ပါသေး"
ထား - "အေးပါ ပျော်ပါပျော်ပါ ရှင်ပျော်နေတာမြင်ရတော့ ကျွန်မစိတ်ချမ်းသာရပါတယ်။ဒါနဲ့မုန့်ပါလာလား"
လေပြေ - "အယ်မေ့လာတယ် sryချစ်သူငယ်ချင်းလေး နောက်ကျနေလို့စိတ်မချဘူးဆိုပြီး သူကိုယ်တိုင်ပြန်လိုက်ပို့ပေးသွားတာ"
ထား - "အေးပါပျော်နေတော့ ကျွန်မကိုမေ့ပြီပေါ့ အကြွေးနော်မှတ်ထားမယ်"
လေပြေ - "အေးပါအေ မမေ့ပါဘူးနော် ဒီသူငယ်ချင်းလေးတစ်ယောက်ရှိတာကို ဗိုက်အဝကိုကွေ ျးပစ်အုံးမှာ ဟုတ်ပြီလား ခုတော့ ကိုယ်ကုတင်ကိုသွားလိုက်တော့ ကျွန်မအိပ်ချင်နေပြီ"
VOUS LISEZ
စည်းတစ်ခု💐💖(Ongoing)
Roman d'amour"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
