ခင် နေမကောင်းဖြစ်လို့ရက်နည်းနည်းကြာသွားတယ် up မပေးနိုင်တာ ခွင့်လွှတ်ပါနော်😢
စည်းတစ်ခု
ကျောင်း၃လပိတ်ချိန် နှစ်ယောက်ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။
အရင်ထပ်ပိုရင်းနှီးလာပြီး တစ်ယောက်အိမ်တစ်ယောက် ခဏခဏအဝင်အထွက်ပိုရှိလာခဲ့သည်။
ထိုပျော်ရွှင်နေသည့် အမျိုးသမီးနှစ်ဦးကြား မထင်မှတ်ပဲ အမျိုးသားတစ်ဦးဝင်ရောက်လာခဲ့သည်။ဘယ်လိုများကြားထဲက ဝင်ရောက်လာပြီး အဘယ်သို့ရောက်ရှိမည်သလဲ။
ကျောင်းအပ်လက်ခံဖို့ဆရာ/ဆရာမတွေ ကျောင်းသားအပ်နှံရန်သို့ လေပြေရောက်ရှိလာခဲ့သည်။
"ကလေးလေးလာပြီလား ထွေး အဲ ဆရာမကစောင့်နေတာ ဘာလို့နောက်ကြနေတာလဲကွယ်။ဘာဖြစ်နေလို့လဲ တစ်ခုခုများဖြစ်လို့လား။လမ်းဘာဖြစ်လာလို့လဲ။"
ဆရာမမေသူမှ - "အမလေးသူသူရယ် ဖြေးဖြေးမေးပါ ကလေးက ဟုတ်ပေါင် လေပြေကခုမှရောက်တာလေကွ ဖြေးဖြေးပေါ့။ဟိုမှာလေပြေမယ် ဘယ်မေးခွန်းအရင်ဖြေရမှန်းမသိဖြစ်နေပြီ။"
လေပြေ ရှက်သွေးဖျာပြီး ပါးလေးပန်းရောင်သန်းသွသည်။
"အဟမ်း အပျိုကြီးကမရှက်ရဘူး လူငယ်ကရှက် ပြောင်းပြန်တွေတော် ေရှ့မှာဘာတွေမြင်နေရမှန်းကိုမသိပါဘူး ရေသွားသောက်အုံးမယ်။"
ေလေပြ - "ရပါတယ်ဆရာမ သမီးကိစ္စမရှိပါဘူး။ဆရာမထွေးမေးတာလည်းအကုန်ဖြေပါ့မယ်နော်။"
ဆရာမမေသူ - "ပြောမယ်ဆိုရင်လေပြေသမီးရေ မြန်မြန်သာသူသူမေးတာဖြေလိုက်။ဟိုမယ်မျက်နှာကြည့်အုံး ဖြစ်ပျက်နေတာများ မပြောလိုက်ချင်ဘူး။"
လေပြေ - "ဒီလိုပါဆရာမသူရဲ့ ကလေးလမ်းမှာလာနေတုန်း လူတစ်ယေက်ကလမ်းမှာ ပစ္စည်းမနိုင်လို့ အဲ့တာကလေးကူလိုက်ပေးနေလို့နောက်ကြနေတာပါ ကျန်တာဘာမှမဖြစ်ပါဘူး။
ဆရာမထွေး - "ဘာမှမဖြစ်ဘူးဆိုလည်း ပြီးတာပါပဲ ရောက်မလာသေးလို့စိတ်ပူနေတာ။ဒါနဲ့အဲ့လူတစ်ယောက်ဆိုတာ မိန်းကလေးလား၊ယေက်ျားလေးလား။ကဲလာပါ ဒီမှာသမီးလက်မှတ်ပဲလိုတော့တာ ကျန်တာဆရာမဖြည့်ပေးထားတယ်။"
ESTÁS LEYENDO
စည်းတစ်ခု💐💖(Ongoing)
Romance"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
