စည်းတစ်ခု
အတူတူအိပ်ရမည်ဆိုတော့ လေပြေရော ဆရာမထွေးပါ မသိစိတ်က နှစ်ယောက်လုံးတွက် ရင်တွေခုန်နေလေသည်ပေါ့....။
ညရောက်တော့ လေပြေလည်း ဆရာမထွေးကို ကျောပေးပြီးဝင်အိပ်ဟန်ပုံလေးနဲ့လုပ်တော့ ဆရာမထွေးမှ လေပြေခဏ လာပါအုံးခေါ်လိုက်သည်။
"ထေွးဘာလို့လဲဟင်"
"လာပါအုံး ခုမှ၉ခွဲရှိသေးတယ်"
အခန်းအပြင်ဘက်တွင် ထိုင်ခုံလေးနှစ်ခုံနဲ့စာပွဲသေးတစ်ခုရှိသည်။ ညဆိုခဏတစ်ဖြုတ် အပြင်ထွက်ထိုင်လို့ရသည်။
"လာပါကလေးလေးရဲ့ထိုင် ဟိုမှာတွေ့လား ကြယ်တွေ ဒီနေ့မှကြယ်တွေက ပိုတောက်ပနေသလားလို့ကွယ် ဟုတ်လားကလေးလေး"
"ဟုတ်သားပဲ ထွေးပြောမှသိတယ် ဒါနဲ့မအိပ်သေးပဲဘာလို့ အပြင်ထွက်ထိုင်နေတာလဲ"
"ကျောင်းပိတ်ရက်လေးမလို့ ခုလို့အပြင်ခဏတစ်ဖြုတ်ထွက်ထိုင်ဖြစ်တာပါကလေးလေးရဲ့ ကျောင်းဖွင့်ရက်ဆို ထွက်မထိုင်အားပါဘူးတော် ကျောင်းအလုပ်တွေနဲ့မပြီးအားဘူးတော်ရဲ့"
"ဟုတ်ပါပြီ အာ့ဆိုကလေးလေးကတော့အိပ်တော့မယ်နော် ဝင်နှင့်တော့မယ်"
ဆိုပြီးအထမှာ ဆရာမထွေးမှလက်ကိုဆွဲထားလိုက်သည်။
"ကလေးလေး" လို့ခေါ်ပြီး ဆွဲထားတဲ့လက်ကနေသူ့ဘက်ခေါ်လိုက်သည့်နောက်
တစ်ခါတည်း သူ့ရင်ခွင်ထဲဖတ်ထားလိုက်သည်။
ထွေးရယ် ထွေးရဲ့ရင်ခွင်ထဲ ခုလိုလွယ်လွယ်ကူကူဝင်ခွင့်ရတော့ ကလေးလေးပျော်မိတယ်။ဝမ်းလည်းသာတယ်။
ကလေးလေးရယ် ခုလိုရင်ခွင်ထဲမပြောမဆိုဖတ်ထားမိတာ စိတ်ဆိုးနေမလားကွယ်။ ကလေးလေးစိတ်ဆိုးပြီး စကားမပြောတော့ရင်ဘယ်လိုနေရမလည်း မနေနိုင်ဘူး ကလေးလေးရယ်။
ဒီလိုနဲ့ လေပြေလည်း အလိုက်သင့်လေးထွေးရဲ့လက်ကိုကိုင်လိုက်သည်။ဘာမှမပြောပဲ နှစ်ယောက်လုံးတိတ်ဆိတ်ခဲ့သည်။
ဆရာမထွေးကပဲစကားစလိုက်သည်။
"ဒီနေ့မှလေတိုက်နေသလားလို့ အေးလိုက်တာ ကလေးလေးရယ်" ပြောပြီး အခန်းထဲအရင်ဝင်ခဲ့သည်။(လူလည်ကျတာနော် သူပဲအရင်ဖတ်ပြီး ရှက်လို့ထင်တယ် အရင်အခန်းထဲဝင်သွားတယ် ဒီဆရာမထွေး မလွယ်ဘူး ဟွန်း)
ВЫ ЧИТАЕТЕ
စည်းတစ်ခု💐💖(Ongoing)
Любовные романы"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
