Part-15(Unicode)🌸💖

878 69 8
                                    

ခင် ညကြ upပေးမယ်ပြောပြီး နေ့လည် upပေးလိုက်တယ်နော်🙆🏻
အရင်ရက်က စာရေးဖို့ကို စိတ်ထဲမရောက်ဖြစ်တာရယ်၊ တစ်ခြားကိစ္စလေးလည်းဖြစ်နေလို့••••

နားလည်ပေးပါနော်😢


စည်းတစ်ခု



ကဲလာသမီး ဆရာမနဲ့ခဏ စာကြည့်တိုက်ဖက်ကို လိုက်ခဲ့ပေး။စာကြည့်တိုက်ရောက်သောအခါ အပြင်ကစာကို ပြောင်းပြန်ချိတ်လိုက်သည်။စာတမ်းမှာ "ယနေ့စာကြည့်တိုက် ပိတ်သည်"


ဆရာမမေသူ - "ဒီလိုသမီး ဆရာမကြည့်နေတာကြာပြီ ကျောင်းမပိတ်ခင်ကတည်းကပဲ သမီးကိုရော၊ဟိုဆရာကိုရောပဲ။ဒါမဲ့သမီးအဲ့ကျောင်းမပိတ်ခင်တုန်းက သမီးစိတ်တွေပျော်သေးတယ်၊မျက်နှာရောလန်းနေသေးတယ်။ဒီလိုပဲ သမီးဆရာမမသူရောပဲ။ခုဆရာမမေးမှာက သမီးမျက်နှာမကောင်းဘူး သမီးဆရာမနဲ့ဖြစ်ထားသလား?
ဟိုဆရာနဲ့ဖြစ်ထားတာလား?
ဆရာမကို ပွင့်ပွင့်လင်းလင်းပြောပါ သမီး သမီးပြောပြမှ၊ရှင်းပြမှ ကြားထဲကဆရာမက သမီးနဲ့သမီးဆရာမတို့ အဆင်ပြေအောင်လုပ်ပေးနိုင်မှာ"


လေပြေ - "ဆရာမ သမီးကုန်ကုန်ပြောပြရရင် သမီးခုဖြစ်နေတာ၊ခံစားနေရတာတွေက ပြောမပြတက်အောင်ပါပဲ ဆရာမထွေးကလည်း အရင်လိုခေါ်ပြော၊ပြုံးပြသမှူမရှိတော့ဘူး အဲ့တာအရမ်းခံစားရတာထပ် တစ်ခါတစ်ခါ ရင်ဘက်ထဲမှာ ဆူးခနဲ့အောင့်အောင့်သွားတယ်။စိတ်ညစ်တာကတော့ ဟိုဆရာကြောင့်ပဲ သမီးဆရာမပဲပြောပြမယ်နော် ဆရာမထွေးကို လုံးဝပြန်မပြောပါနဲ့"


ဆရာမမေသူ - "အေးပါ သမီးဆရာမ မပြောဘူးနော်"


လေပြေ - "ကျောင်းစပိတ်တဲ့ရက်နေ့က သမီးဆရာမထွေးအိမ်ကို သွားတဲ့လမ်းတစ်ဝက်မှာ အဲ့ဆရာနဲ့တွေ့လို့ မကောင်းတက်တာနဲ့ စကားအရင်စပြောတာနဲ့ သမီးလည်းခဏပါဆိုပြီး စကားရပ်ပြောမိလိုက်တာပါ•••••••••••"


လေပြေက အဲ့နေ့ကဖြစ်တဲ့အကြောင်း အိတ်သွန်ဖာမောက်အကုန်မချန်ပြောပြနေသည်။


ဆရာမမေသူ - "သြော် အဲ့လို သမီးမသိသေးတာ ဆရာမပြောပြမယ် သမီးကတော့မသိချင်ယောင်ဆောင်ပေးထားပေါ့ကွယ် ဒါပေမဲ့ ကိုယ်ကလူငယ်ပဲ မသိမသာနဲ့သမီးဆရာမကိုပြန်ခေါ်ကြည့်ပါ့လားကွယ်"


စည်းတစ်ခု💐💖(Ongoing)Место, где живут истории. Откройте их для себя