ခင် ဟိုနေ့က ဒီနေ့တွက် up ပေးမယ်ပြောထားလို့ လာ up ပေးတာပါ။
ဂတိမဖျက်ချင်လို့ up တဲ့ရက်ကျော်သွားရင် ခွင့်လွှတ်ပါနော် readerလေးတို့ ခင် တို့ရပ်ကွက်ကို ၇ရက်မီးဖျက်ထားလို့ပါ။
ကြိုတင်ပြောပြတာပါနော်😢
စည်းတစ်ခု
စကားတွေအပြန်အလှန်ပြောပြီး လေပြေနှင့် ဆရာမထွေး နေဝင်တာကြည့်ပြီး ညတစ်ညကို ေပျာ်ရွှင်စွာ အိပ်စက်ခဲ့ကြသည်။
နောက်တစ်နေ့မနက်ရောက်တော့ လေပြေတို့အခန်းထဲ နေရောင်ခြည်ထိုးဖောက်ဝင်ရောက်ခဲ့သည်။နေရောင်ခြည်က လေပြေမျက်နှာပေါ်ကျဆင်းပြီး မျက်နှာလေးရှုံမဲ့နေမိပြန်သည်။ဆရာမထွေးမြင်သွားပြီး လေပြေကုတင်ဖက်ကူးသွားသည်။
ဆရာမထွေး - "ကလေးထတော့ နေတောင်တော်တော်ထွက်နေပြီ"
လေပြေ - "အင်းးးး ထမယ်"ပြောပြီး မျက်လုံးကမပွင့် ပါးစပ်ကသာ ထမယ်ပြောခုထိမထသေး။ကလေးပီပီ ချွဲချင်သည့်ပုံလေးးးး။
ဆရာမထွေး - "အယ် ထတော့လို့ ကလေးရေ အဲ့လိုအအိပ်မက်သလား ၁၀တန်းနော် အမှန်ဆိုစာလုပ်နေရမယ့်အချိန် ထ ထ"ဆွဲထူမှ လေပြေခန္ဓာကိုယ်ပါလာသည်။
လေပြေ - "ထပြီဆို ဒီနေ့လို့ ပိတ်ရက်လေးခဏလောက်လွတ်လပ်နေချင်တယ်လေနော်ထွေး နောက်ရက်ကစပြီးစာကြိုးစားပါ့မယ့် ကတိပေးတယ် မနက်ကလို၁၀တန်းဆိုတာခဏမေ့ထားမယ်နော် နော်လို့"
ဆရာမထွေး - "ချွဲမနေနဲ့ ပြောတဲ့အတိုင်းပဲနော် ကတိပေးပြီးပြီ ဒါနဲ့ဆိုအကြွေး၂ခု မှတ်ထားပြီ ခုတော့မျက်နှာသစ်မယ်လာ"
လေပြေ - "ဘာအကြွေး၂ခုလည်း အား သိပြီ မနေ့ကဟာကိုပါမှတ်ထားတာကိုး ကလေးကမေ့ပြီထင်နေတာ" စပ်ဖြီးဖြီးနဲ့ပြောနေသော လေပြေတစ်ယောက်ကလေးငယ်တစ်ယောက်လို ချစ်ဖို့ကောင်းနေပြန်ရော ဒါတောင်မနက်မသစ်ရသေးဘူးနော်။နှစ်ယောက်သားအိပ်ရာအတူထကာ မျက်နှာသစ်ကြသည်။
လေပြေ - "ထွေး ကလေးအဝတ်စားလဲမယ်နော် ခဏလေးပဲဝရန်တာဘက်ကထိုင်ခိုင်မှာခဏလောက်ထိုင်ပေးပါ့လား"
YOU ARE READING
စည်းတစ်ခု💐💖(Ongoing)
Romance"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
