Part-12(Unicode)🌸💖

1K 74 9
                                        

Part-12(Unicode)💐💖

စည်းတစ်ခု

ဆရာမနှစ်ယောက် စကားလည်းပြောရင်း၊ကျောင်းအပ်လက်ခံရင်းနဲ့ အချိန်တွေကုန်သွားပြီး အိမ်ပြန်ခဲ့ကြသည်။

မကြာခင်ရက်ပိုင်းအတွင်း ကျောင်းဖွင့်ခဲ့ပြီလေ။ဆရာမထွေးကတော့ သိတဲ့အတိုင်း ၉တန်းကတည်းက အတန်းပိုင်ဆိုတော့ ၁၀တန်းလည်း ဒီကလေးတွေရဲ့အတန်းပိုင်ဖြစ်လေသည်။

ကျောင်းဖွင့်တော့ လုပ်စဥ်တိုင်း အချိန်ဇယားခွဲရ၊အသင်းခွဲရ၊စသည့်ဖြင့် အလုပ်ရှုပ်နေကြသည်။ဆရာမထွေးလည်း လေပြေကိုစိတ်ချသောကြောင့် အတန်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်။

ကဲအားလုံးပဲနားထောင်း အတန်းခေါင်းဆောင်ကို လေပြေ ကိုခန့်ထားတယ် ဆရာမမရှိခဲ့သော် ပြသနာတစ်စုံတစ်ခုဖြစ်ခဲ့ရင် လေပြေကို အကြောင်းကြားပါ ဖြေရှင်းရမယ့်ကိစ္စကြီးရင် ဆရာမလာတဲ့ထိစောင့်ပါ။အရင်ကလိုပေါ့ပေါ့တန်တန် နေရမယ့်အချိန်မဟုတ်တော့ဘူး ၂ဆကြိုးစားရမယ့်အချိန်ရာက်နေပြီ ရန်ဖြစ်ဖို့လည်း မစဥ်းစားနဲ့ ရန်ဖြစ်တာတွေခဲ့ရင် သက်ဆိုင်ရာဆရာမဆီ အကြောင်းကြားပါ ကြားတယ်နော် အဓိက ယောက်ျားလေးတွေ ဘာသံမှမကြားချင်ဘူးနော် ကြားလို့ကတော့ ငါ့အဆိုးမဆိုနဲ့။

ထိုစဥ် အပြင်ဘက်မှ တာဝန်ကျဆရာမှ စာသင်ရန်ရောက်လာသည်။ဆရာမထွေးမှ မြင်၍ "သြော် ဆရာဝင်ခဲ့ပါ ဒီနှစ်မှ​ငြေ်းလာတာဆိုတော့ ကျွန်မကလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါ့မယ်"

ဒါနဲ့ ဆရာနာမည်က....

ဦးသက်နိုင် -"ဟုတ် ကျွန်တော်နာမည်က မောင်သက်နိုင် ပါဗျ။Eng သင်ပေးရမှာ"

ဆရာမထွေး - "ကျွန်မနာမည်က ဒေါ်သူသူထွေးပါ။ဟုတ်ပါပြီ"

ဆရာမထွေး - "ကလေးတွေ အားလုံး ခဏကဆရာမပြောတာတွေ အကုန်မှတ်မိတယ်နော် ခုဆရာက Engသင်ပေးမှာ စာသေချာလုပ်ပါ။ခွင့်ပြုပါအုံး" ဆိုပြီးအခန်းထဲက အထွက် အပြင်ရောက်ရော သူ့ကလေးလေးကို လှမ်းကြည့်လိုက်သည်။တွေးသည်မှာ ဟိုနေ့ကပြောတဲ့ တစ်ယောက်ထင်တယ် တွေးရင်း တစ်ခြားအခန်းစာသင်ရမည့် အခန်းသို့ ဝင်ခဲ့သည်။

စည်းတစ်ခု💐💖(Ongoing)Hikayelerin yaşadığı yer. Şimdi keşfedin