Part-22(Unicode)🌸💖

1.1K 84 8
                                        

စည်းတစ်ခု


ဆရာမထွေးလည်း ခုလိုပြန်တွေ့ရလိမ့်မယ်လို့မထင် ကံကြမ္မာကပြန်ဆုံအောင်လို့ ဖန်ဆင်းပေးလိုက်နာလား••••
ဒါမှမဟုတ်
အချစ်စစ်တွေနဲ့ တကယ့်ကို နှစ်နှစ်ကာကာ ချစ်ကြတဲ့သူတွေမလို့ ပြန်ဆုံပေးတာလား••••


အဲ့နေ့က ဆရာမထွေးလည်း စိတ်နဲ့လူမကပ်ခဲ့ ဂျူတီကျဆရာမကတောင် ဆရာမကြီးနေကောင်းရဲ့လားလို့တောင် ခဏခဏမေးယူရတယ်


လေပြေလည်း စာသာသင်ရတယ်စိတ်မပါအဆောင်ပြန်တဲ့ထိပင်


ထားမှအလိုက်သတိဖြင့် အဆင်ပြေလောက်မယ့်အချိန်မှမေးသည်


ထား - "သွေး ထားမေးစရာရှိလို့ မေးလို့အဆင်ပြေရဲ့လား?"


လေပြေ - "မေးလေ ထား အဆင်ပြေပါတယ်"


ထား - "ဒီနေ့ကျောင်းရုံးခန်းအပေါက်မှာ ဘာလို့ရပ်နေတာလဲဝင်မလာပဲနဲ့  နောက်ပြီး ဆရာမကြီးက သွေးနာမည်ကိုခေါ်လိုက်တာ  တော်တော်ရင်းနှီးမယ့်သူထင်တယ်  အကြည့်တွေရောပဲ••••"


လေပြေ - "အဲ့တာ လေပြေ ထား ကို ပြောပြဖူးတယ်မလား  ချစ်ခဲ့ရသူလို့••••"


ထား - "သြော်  သွေးချစ်တဲ့ဆရာမလား  ဝိုးးးး လှတယ်၊ယဥ်တယ်  ေသွး ဘယ်လိုစတွေ့ခဲ့တာလဲဟင်  ထား ကိုပြောပြလို့ရမလား  အဆင်ပြေမှပါ  မပြေလည်းရတယ်  ထား အတင်းမမေးပါဘူး"


လေပြေ - "နောက်ကြပြောပြတာပေါ့  ခုကအဆင်မပြေသေးလို့ပါ  ထား နားလည်ပေးနိုင်ပါတယ်  ပြန်ပြောရင်  အရင်ချိန်တွေပြန်မြင်ယောင်ပြီး  လေပြေ  ငိုရလိမ့်မယ်  အဲ့ဘဝကို ပြန်မရောက်ချင်တော့ဘူး  ခုကလည်း မထင်မှတ်ပဲ  တိုက်တိုက်ဆိုင်ဆိုင်  ပြန်တွေ့တာ"


ထား - "သွေး သူများပြောတာ စကားရှိပါတယ်  အဲ့စကားကို သွေးယုံမယုံတော့ ထားမသိဘူးပေါ့နော်  ၃ခါဆို တကယ်ချစ်တဲ့ချစ်သူတွေတဲ့  ခုက သွေးတို့နှစ်ယောက်က ဒါဆို၂ခါပြန်ဆုံကြတာ  နောက်တစ်ခါသာထပ်ဆုံခဲ့ရင်  ဘဝရဲ့လက်တွဲဖော် ဒါမှမဟုတ် အချစ်စစ်နဲ့ချစ်ကြတဲ့သူတွေမလို့  သွေးမှတ်ယူလိုက်ပေါ့"


စည်းတစ်ခု💐💖(Ongoing)Onde histórias criam vida. Descubra agora