Part-21(Unicode)🌸💖

887 77 12
                                    

စည်းတစ်ခု


ညရောက်တော့ ဒေါ်မျိုးသူဇာ မိတ်ဆက်ပေးထားခြင်းကြောင့် ထား နှင့် လေပြေ သူငယ်ချင်းဖြစ်သွားသည်။မနက်သွားဖို့ ပြင်ဆင်ပြီး အိပ်ယာဝင်ခဲ့ကြသည်။


မနက်စောစောထပြီး ကျောင်းသို့ သူငယ်ချင်းနှစ်ယောက်အတူ သွားကြသည်။လမ်းမှာ သူငယ်ချင်းနှစ်ယောက် စကားတစ်ပြောပြောနဲ့သွားတာ ကျောင်းရှေ့ရောက်မှပဲ စကားအပြောရပ်တော့တယ်။


ထား - သွေးလို့ခေါ်မယ်နော် တိုတိုနဲ့လိုရင်းရောက်တာပေါ့။ထားကိုလည်း ထားလို့ပ​ခေါ်လေ လွယ်အောင်လို့ပါ။


လေပြေ - ရပါတယ်ထား။အဆင်ပြေသလိုပေါ့။


ဌာနရှာရင်း ကိုယ်ဆီဌာန ဝင်သွားရင်း အပြန်အတူပြန်ဖို့ပြောလိုက်သည်။စဖွင့်ကာစဆိုတော့ ဆရာ/ဆရာမတွေ မဝင်ဖြစ်သေး။

နောက်ကြ မနက်စောထ PTဆင်းရသည်။လေ့ကျင့်ခန်းတွေ လုက်ရသည်။


ထား - "သွေးရေ ထားတို့ အဆောင်ကျောင်းနဲ့နီးလို့ တော်သေးတယ်နော်။လေ့ကျင့်ခန်းရယ်၊PTဆင်းရတာရယ်နဲ့ လူအမောဆို့နေပြီ။ဝါသနာပါလွန်းတာရယ်၊ကလေးတွေကိုစာသင်ပေးရတာ ပျော်လို့ထပ် ကလေးတွေကို ကိုယ်တွေထပ် စာတော်စေချင်လို့ ဆရာမအလုပ်လုပ်တာ မောတာကွာ"


လေပြေ - "လေပြေကတော့ မမောပါဘူး။ပျော်တယ်။ကျေနပ်တယ်။ပြီးတော့••••"


ထား - "ပြီးတော့ ဘာဖြစ်လည်း သွေး ဆက်ပြောလေ စကားကိုဖြတ်ပစ်တယ်"


လေပြေ - "မဟုတ်ပါဘူး သတိရသွားလို့ပါ"


ထား - "ဘယ်သူ့ကိုလည်း" လေပြေနား ကပ်မေးလေသည်။


လေပြေ - "ထား လေပြေ ပြောစရာရှိတယ် အဲ့စကားကြားပြီးတော့ လေပြေကို မပေါင်းချင်ဘူးဆိုလည်း ရတယ်နော်။
လေပြေက ပြောမယ်ဆို ပြောရမှာမို့ပါ"


ထား - "မဟုတ်တာ သွေးရယ် ထားနားလည်ပေးနိုင်ပါတယ် ပြောမယ့်စကားကိုသာ ပြောပါ ထားနားထောင်ပေးပါ့မယ်"


လေပြေ - "ထား လေပြေက တစ်ခြားသူတွေနဲ့ မတူဘူး။လေပြေက ကိုယ့်ကို ဘာမှန်းတောင် မသိတဲ့ခြေနေပါ။lgbtကိုထောက်ခံသလို ကိုယ်ကိုတိုင်လည်း lgbtလားဆိုတာ မသေချာနိုင်သေးဘူး။လေပြေမှာ ချစ်ရတဲ့သူရှိတယ် အဲ့တာတစ်ချိန်ကအတန်းပိုင်ဆရာမ ဖြစ်နေတယ်။ဆရာမကလည်း လေပြေဆို တစ်ခြားသူတွေထပ် အရေးပေးတယ် နာမည်ခေါ်အဝေါ်ကစပေါ့။ဒါပေမဲ့ နှစ်ယောက်လုံး ရင်ထဲက စကားကို ထုတ်ဖော်မပြေကြဘူး"


စည်းတစ်ခု💐💖(Ongoing)Donde viven las historias. Descúbrelo ahora