စည်းတစ်ခု
လေပြေဘက်ကကြည့်ရင်လည်း သေသေချာချာရှင်းပြနေတာလည်း နားမထောင်၊လက်မခံ၊ဘယ်လိုမှ ရှင်းမပြရတဲ့အဆုံး နှစ်ယောက်အနေဝေးရပြန်သည်။
လေပြေလည်းဘွဲ့ယူရတဲ့နေ့သို့ရောက်ရှိခဲ့သည်။သူငယ်ချင်းတွေလည်း ပြန်လည်ဆုံခဲ့ရပြီ။
ထားနဲ့လေပြေကတော့ ဘွဲ့အတူတူယူပြီး တန်းပြဆင်းတုန်းကလို ကျောင်းအတူတူကျမလားပေါ့ စဥ်းစားမိတယ်။
ထား - "သွေးရေ တာဝန်ကျတဲ့ဆီအတူတူကျရင်ကောင်းမှာပဲနော် တစ်ယောက်ထဲဆိုရင် ကြောင်တောင်တောင်ကြီးဖြစ်နေမှာ"
လေပြေ - "တာဝန်ကျရာပေါ့ကွယ်ထားရဲ့ တို့တွေက သူတို့တာဝန်ပေးတဲ့ဆီပဲသွားရမှာကို အေးပါထားပြောတာလည်း ဟုတ်နေတာပဲ အတူမဟုတ်တောင်ဟယ် ကိုယ့်ကျောင်းဆင်းတွေထဲက တစ်ယောက်ယောက်နဲ့ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့တစ်ယောက်ထဲတာဝန်ကျရာထပ်"
ထား - "ဟုတ်ပါ့နော်။ဒါနဲ့ ဘွဲ့ယူပြီးရင်ပြန်မှာလား။ခဏလောက်ဒီမှာနေရအောင်ပါ့လား။ပြန်ဆုံမယ် မဆုံဘူးဆိုတာ ပြောမရဘူး"
လေပြေ - "နေတာပေါ့။၂ရက်လောက်နေမယ်လေ။ကျောင်းကလည်းပိတ်ထားသေးတော့ တာဝန်ကျတဲ့နေရာ orderထွက်အုံးမယ်မထင်ဘူး။ပြန်ဖွင့်မှထွက်လောက်မယ်"
ထား - "အာ့ကြောင့် ဒီသူငယ်ချင်းလေးကို ချစ်နေရတာ။နှစ်ခါပြောစရာမလိုဘူး။ဒါနဲ့ သွေး ပြန်တွေ့ခဲ့ရင်ရော••••။ငါ နင့်တွက် စဥ်းစားပေးတာပါ။ပြန်အဆင်ပြေစေချင်တာ စိတ်ရင်းနဲ့ပါ။တကယ်အချစ်စစ်နဲ့ချစ်ကြတဲ့သူတွေကို ဘာမဟုတ်တာလေးနဲ့မှ အပျက်စီးမခံနိုင်ဘူးသွေး။တကယ်လို့ သူ့ဘက်က အရင်စဖြေရှင်း
ခွင့်ပေးရင်တော့ သွေးကဖြေရှင်းပေးလိုက်ပါ။သူစိတ်တိုင်းကျအောင်ပေါ့နော်"
လေပြေ - "အေးပါ အဲ့လိုဖြေရှင်းပေးဖို့ပဲ စိတ်ကူးထားပြီးသားပါ။သူ့ဘက်ကပဲအရင် ဖြေရှင်းခွင့်ပေးဖို့ပဲလိုတာပါ။ပြန်ဆုံခဲ့ရင်ပေါ့••••။"
ထား - "လာပါတွေ့တုန်းပျော်ပါးနေရအောင်ပါ။အဆောင်ပဲပြန်သွားငှားနေမယ်မလား။အန်တီသူဇာနဲ့လည်းတွေ့ရင်း"
VOUS LISEZ
စည်းတစ်ခု💐💖(Ongoing)
Roman d'amour"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈
