Part-17(Unicode)🌸💖

893 75 5
                                    

စည်းတစ်ခု


၅ရက်မြောက်နေ့တွင် အပြီးအိမ်ပါပြောင်းခဲ့ပြီး ခုနေတဲ့အိမ်လေးကို သော့ခေတ်ခဲ့ပြီး အပြီးထွက်ခွာခဲ့သည်။

လေပြေစိတ်ထဲ သံယောဇဥ်ကြိုးလေးရှိနေသောကြောင့် သံယောဇဥ်ထပ် ချစ်တယ်ဆိုလည်း မမှားနိုင်ပါဖူးလေ••••••••။
ကားမထွက်ခင် ခြံပေါက်ဝတွင် စာလေးတစ်စောင်နဲ့ နှင်းဆီပန်းအနီရောင် ချန်ထားခဲ့သည်။

ဆရာမထွေးလည်း Engဖြေမယ့်နေ့ မနက်ကျောင်းအသွား လေပြေအိမ်ကြည့်လိုက်ရာ သော့ခေတ်ထားသောအိမ်ကို တွေ့ရသည်။သေချာအောင်လို့ ခြံရှေ့ထိသွားတော့ စာနဲ့နှင်းဆီအနီ ထားခဲ့တာမြင်လိုက်သည်။

ဆရာမထွေး - "ေသြာ် ကလေးရယ် ဘယ်ကိုထွက်သွားတာလဲကွယ် ထွေးကို မုန်းသွားပြီလား ထွေးလည်းစိတ်ထဲက မပါပဲလုပ်နေရတာ ခုတော့နောင်တရနေပါပြီ ကလေးရယ် ဒီနှင်းဆီပန်းအနီ ကဆူးတွေနဲ့ ထွေးရင်ကို ဒီဆူးတွေနဲ့ ပစ်လိုက်တာလား ဒဏ်ကဒီဆူးတွေနဲ့ ထားပစ်ခဲ့ရဲ့ပြီလားကွယ်" ငိုသံယဲ့ယဲ့လေးနဲ့ မျက်ရည်တစ်ချို့ စီးကျနေလေရဲ့•••••• ေရရွတ်နေမိသည်။


တွေးရင်းနဲ့ ကျောင်းသာဆက်လှေ ျာက်ခဲ့ရလေသည်။လူက ကျောင်းသာရောက်နေပေမယ့် စိတ်က သူ့ကလေးဆီ ရောက်နေသည်။ဘာမပြော ညာမပြောနဲ့ ထွက်သွားသော ကလေးကို တွေ့ချင်နေသေးသည်။မပြောဖြစ်တဲ့ စကားလုံးလည်း ပြောချင်သေးသည်။သို့သော် ပြောမထွက်ခဲ့ပါ။ဆရာမဆိုတဲ့ ဂုဏ်သိက္ခာ၊လူကြီးဖြစ်နေသောကြောင့် ပြောမထွက်ခဲ့တာတစ်ကြောင်း•••••••


လေပြေလည်း ကားသာစီးနေရပေမယ့် စိတ်ကသူချစ်ရတဲ့ဆရာမထွေးဆီ ရောက်နေသည်။


ကားပြတင်းပေါက်ကမှန်သာငေးကြည့်ရင်းပေါ့•••••
"နောက်ဆုံးတစ်ခေါက်အနေနဲ့ တွေ့ချင်ပေမယ့် ဟိုနေ့ကအဖြစ်ပျက်ကြောင့် စိတ်နာနာရယ် မတွေ့ချင်တော့တာကြောင့် မတွေ့ပဲ ထွက်လာခဲ့ရသည်"


အိမ်ရောက်တော့ လေပြေထားခဲ့တဲ့ စာလေးဖွင့်ဖတ်နေသည်။

"သို့

       ဆရာမ သမီးကို မုန်းနေတာမလား။စကားပြောကာစ မင်း တဲ့လား။ဆရာမကိုယ့်ဘာသာတောင် ထွေးလို့တောင်မပြောနိုင်ပဲ တို့ တဲ့လား။အဲ့လောက်ထိကို မုန်းသွားတာလားဟင်••••။စာမေးပွဲဖြေမယ့်မနက်က မေ့လဲသွားလို့ စာမေးပွဲမဖြေနိုင်တာ ခွင့်လွှတ်ပါ။ဆရာမကို ဂတိပေးထားတာ မတည်နိုင်တဲ့အတွက်ကြောင့် တောင်းပန်ပါတယ်။ခွင့်လွှတ်ပေးပါ။ပြီးတော့ ဆရာမအဲ့လိုတွေ သူစိမ်းဆန်နေတာ မခံနိုင်သမီးခုလို ထွက်သွားတာပါ။အမှန်တိုင်းပြောရရင် ဆရာမကို နောက်ဆုံးတစ်ခေါက်အနေနဲ့ တွေ့ချင်သေးတာပါ။ဒါမဲ့ ဆရာမက မုန်းနေပြီထင်တာကြောင့် မတွေ့နိုင်ပဲ ခုလိုမပြောမဆို ထွက်သွားမိတာ တောင်းပန်ပါတယ်။နောက်ဆုံးတစ်ခေါက်အနေနဲ့ ထွေး လို့ခေါ်ခဲ့ပါရစေ။"

စည်းတစ်ခု💐💖(Ongoing)Où les histoires vivent. Découvrez maintenant