Part-27(Unicode)🌸💖
စည်းတစ်ခု
ထားကတော့ ဒီတစ်ခါစောနိုးလေသည်။လေပြေကတော့ မနေ့ညကတော်တော်မအိပ်ပျော်။ဘာလိုဆို ညနေကချစ်ရသူနဲ့ညစာစားခဲ့ရချိန် ပြန်တွေးတွေးပြီး ပျော်နေခြင်းကြောင့်ပင်ဖြစ်သည်။
ထား - "သွေးထတော့ မနိုးသေးဘူးလား"
လေပြေ - "အင်း ခဏနေထမယ်"
ထား - "အေးအေး ငါရေချိုးပြီ" ပြောပြီး ရေချိုး၊လုပ်စရာရှိတာလုပ်သည်။
လေပြေကတော့ ထားလုပ်စရာရှိပြီးတာလုပ်နေတာသာပြီးသွားသည်။လေပြေကတော့ မထနိုင်သေး။
ထား - "သွေးရေ ထတော့ဟ ငါတောင်လုပ်စရာရှိတာအကုန်လုပ်ပြီးနေပြီ။ကျောင်းသွားဖို့ပဲ ရှိတော့တယ်။ငါထားခဲ့မှာနော်"
လေပြေ - "သွားနှင့် သွားနှင့်။နောက်ကလုပ်စရာရှိတာလုပ်ပြီး ကိုယ့်ဘာသာပဲလိုက်ခဲ့တော့မယ်"
ထား - "အေးအေး ပြီးတာပဲ။မြန်မြန်တော့လုပ်ခဲ့နော်။အရမ်းနောက်ကျနေမယ်"
ေလပြေ - "အင်း ရေချိုးတော့မယ်လေ။ထားသွားရင် သွားတော့လေ။ရှေ့ကတံခါးတော့ ပြန်ပိတ်ပေးခဲ့အုံး ေလာ့တော့မချခဲ့နဲ့"
ထား - "Ok"
လေပြေလည်း ရေချိုး၊မျက်နှာသစ် ထမင်းချိုင့်ထည့်၊အဝတ်စားလဲ သနပ်ခါးလိမ်း အိမ်တံခါးသော့ပိတ် ကျောင်းသွားရန်ပြင်သည်။
ကျောင်းလာနေတဲ့လမ်းခုလပ်မှာ လေပြေတွက်ကံဆိုးမည်လို့မထင်ထားခဲ့တဲ့အဖြစ်တစ်ခု ကြုံတွေ့ခဲ့ရသည်။
လေပြေ ၁၀တန်းတုန်းက ဟိုEngသင်တဲ့ဆရာနဲ့တွေ့တာပေါ့••••
လေပြေကတော့ သေချာမမှတ်မိ။သို့ပေသော် နာမည်ပြောလိုက်ချိန်မှာ ကိုယ့်ကိုဒုက္ခပေးခဲ့တဲ့သူဆိုတာ သေလောက်အောင်မုန်းတဲ့သူ သိခဲ့သည်။
ဆရာသက်နိုင် - "ညီမလေးလေပြေလား"
လေပြေ - "ဟုတ်ပါတယ်။ဒါနဲ့•••• အဲ့ဘက်က ဘယ်သူလဲမသိ••••"
VOUS LISEZ
စည်းတစ်ခု💐💖(Ongoing)
Roman d'amour"စည်းတစ်ခု" ကြောင့် ဆရာမနဲ့ကျောင်းသူမလေး အခက်ခဲတွေ ကြားထဲ ဘယ်လိုပျော်ရွှင်မှူတွေ ဖြစ်လာမလဲပေါ့....။ စောင့်ဖတ်ပေးကြပါအုံးနော်🙈💖 ဆရာမနဲ့ကျောင်းသူမလေး ချစ်ခြင်းမေတ္တာ💐💗 Age gap🌈